DVB Logo
Home
နိုင်ငံတကာ
အကြမ်းဖက်ဝါဒ ထောက်ပံ့သည့် နိုင်ငံစာရင်းမှ ဆီးရီးယားကို အမေရိကန် ဖယ်ရှား
DVB
·
August 25, 2026
Photo: REUTERS/Jonathan Ernst
Photo: REUTERS/Jonathan Ernst
Donate to DVB

၁၉၇၉ ခုနှစ်ကစပြီး  ၄၇ နှစ်အကြာမှာတော့ အကြမ်းဖက်ဝါဒ ထောက်ပံ့ပေးတဲ့ နိုင်ငံစာရင်းကနေ ဆီးရီးယားကို ဖယ်ရှားပေးလိုက်ပြီလို့ အမေရိကန်က ဩဂုတ် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ဒီဆုံးဖြတ်ချက်ဟာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနဲ့ ကမ္ဘာ့စီးပွားရေးထဲ ပြန်ဝင်ရေးအတွက် “နောက်ဆုံးကျန်တဲ့ အဓိကအတားအဆီး” ကို ဖယ်ရှားပေးလိုက်တာလို့ ဆီးရီးယားအစိုးရက တုံ့ပြန်ပါတယ်။  

ဒီဆုံးဖြတ်ချက်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဇူလိုင် ၈ ရက်မှာ ကွန်ဂရက်ကို အကြောင်းကြားပြီး ၄၅ ရက်ကြာ စိစစ်မှု ပြီးဆုံးချိန်မှာ အကျိုးသက်ရောက်လာတာ ဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက သမ္မတ အာမက် အယ်လ်ရှာရာ အစိုးရဟာ နိုင်ငံတကာအကြမ်းဖက်ဝါဒနဲ့ အပြီးတိုင်ကင်းကွာဖို့ ကြိုးပမ်းလာတာကို အသိအမှတ်ပြုတဲ့ ဆုံးဖြတ်ချက်လို့ ဆိုပါတယ်။ 

အယ်လ်ကေးဒါနဲ့ အဆက်အသွယ်ဖြတ်ခဲ့တဲ့ ရှာရာဦးဆောင်တဲ့ ဟာယတ် တာဟ်ရီရ် အယ်လ် ရှမ်  (HTS) အဖွဲ့ ဦးဆောင်ပြီး  ၂၀၂၄ ခုနှစ်ကုန်ပိုင်းမှာ သမ္မတဟောင်း ဘာရှာ အယ်လ် အာဆတ်ကို ဖြုတ်ချခဲ့ပါတယ်။

အမေရိကန်က HTS ကို နိုင်ငံခြားအကြမ်းဖက်အဖွဲ့စာရင်းက ၂၀၂၅ ခုနှစ်မှာ ဖယ်ရှားခဲ့ပြီး အခုတော့ ကမ္ဘာလုံးဆိုင်ရာ အထူးသတ်မှတ်အကြမ်းဖက်အဖွဲ့စာရင်းကပါ ဖယ်ရှားလိုက်ပါတယ်။ 

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး အာဆတ် ဟာဆန် အယ်လ် ရှိုင်ဘာနီက ဒီဆုံးဖြတ်ချက်ကို “သမိုင်းဝင်ခြေလှမ်း” လို့ ကြိုဆိုပါတယ်။ 

အခုဖယ်ရှားမှုကြောင့် အမေရိကန်အကူအညီ၊ ကာကွယ်ရေးပစ္စည်းတင်ပို့မှုနဲ့ ဘဏ္ဍာရေးအရောင်းအဝယ်ဆိုင်ရာ ကန့်သတ်ချက်တွေ ပြေလျော့သွားမှာဖြစ်ပါတယ်။ 

ဒါပေမဲ့ ဘာရှာ အယ်လ်အာဆတ်နဲ့ အပေါင်းအပါတွေ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ IS နဲ့ အယ်လ်ကေးဒါဆက်နွှယ်သူတွေအပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ဆက်ရှိနေပါတယ်။ 

ဆီးရီးယား ဖယ်ရှားခံရပြီးနောက် အမေရိကန် ထုတ်ပြန်ထားတဲ့  အကြမ်းဖက်ဝါဒ ထောက်ပံ့တဲ့ နိုင်ငံစာရင်းမှာ ကျူးဘား၊ မြောက်ကိုရီးယားနဲ့ အီရန် ၃ နိုင်ငံသာ ကျန်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013