အမေရိကန်မှာ ပွဲခံနေကြတဲ့ နော်ဝေဘောလုံးပရိသတ်တွေဟာ အခုခါမှာတော့ နယူးယောက်က နာမည်ကျော် တိုင်းမ်စကွဲ ရင်ပြင်ကိုပါ သိမ်းလိုက်ကြပါပြီ။
ဆီနီဂေါအသင်းနဲ့ ကစားမဲ့ အုပ်စု (I) ပွဲစဉ်မတိုင်ခင် ဇွန် ၂၁ ရက်မှာ အနီရောင် နော်ဝေအင်္ကျီတွေ ဝတ်ဆင်ထားတဲ့ ပရိသတ်တွေ အခုလို ပွဲခံနေကြတာ ဖြစ်ပါတယ်။
ဒီဗိုက်ကင်းလှေလှော်ဟန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဘော့စတွန်မြို့မှာ အီရတ်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် မတိုင်ခင်ကတည်းက အွန်လိုင်းမှာ နာမည်ကြီးခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်ကစလို့ ပရိသတ်တွေဟာ ဘားတွေ၊ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ စက်လှေကားတွေ အပါအဝင် သွားလေရာတိုင်းမှာ ဒီလိုလုပ်ဆောင်လေ့ ရှိလာကြပါတယ်။
သူတို့ရဲ့ ဗိုက်ကင်းအမွေအနှစ်ကို ဖော်ညွှန်းပြီး ကိုယ်ပိုင်ဟန်တခု ရလာတဲ့အတွက် ပျော်ရွှင်ရတယ်လို့ နော်ဝေပရိသတ်တွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဇွန် ၂၁ ရက် အစောပိုင်းကလည်း ပရိသတ်တွေဟာ မန်ဟက်တန် မြို့တဝိုက် လှေစီးလည်ပတ်ရင်း ဒီလှေလှော်ဟန်နဲ့ပဲ အောင်ပွဲခံခဲ့ကြပါသေးတယ်။
နော်ဝေအသင်းဟာ နယူးယောက် နယူးဂျာစီ အားကစားကွင်းမှာ ဆီနီဂေါအသင်းကိုသာ အနိုင်ရခဲ့ရင် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာပါ။
ဒီပွဲစဉ်ကို မြန်မာစံတော်ချိန် ၂၃ ရက်နေ့ မနက် ၆ နာရီခွဲ စတင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Source: Reuters










