DVB Logo
Home
မြန်မာသတင်း
မြန်မာမြောက်ပိုင်းတွင် တရားမဝင် မြေရှားသတ္တုအလွန်အကြူးတူးဖော်၊ တရုတ်ကို ကန်ဒေါ်လာ သန်း ၆၀ဝ ကျော်ဖိုးတင်ပို့
DVB
·
March 6, 2023
မြန်မာမြောက်ပိုင်းတွင် တရားမဝင် မြေရှားသတ္တုအလွန်အကြူးတူးဖော်၊ တရုတ်ကို ကန်ဒေါ်လာ သန်း ၆၀ဝ ကျော်ဖိုးတင်ပို့
Donate to DVB

မြန်မာပြည်မြောက်ပိုင်းမှာ တရားမဝင် မြေရှားသတ္တုတူးဖော်မှုတွေ အလွန်အကြူး ဖြစ်နေပြီး တရုတ်နိုင်ငံ အကောက်ခွန် အ‌ထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၂ ခုနှစ်မှာ မြန်မာရဲ့ တရုတ်ကို မြေရှားသတ္တုတင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၀ဝ ကျော် ရှိခဲ့ပြီး တန်ချိန် ၂၄,ဝ၀ဝ နီးပါး တင်ပို့ခဲ့တယ်လို့ ISP Myanmar က ပြောပါတယ်။

မြန်မာဘက်က တူးဖော်ရရှိတဲ့ မြေရှားထွက်ကုန်တွေကို တရုတ်နိုင်ငံဘက်ကိုပဲ အဓိက တင်ပို့ရောင်းချနေတာဖြစ်ပြီး စစ်ကောင်စီက တရားဝင် ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ ဒီအချက်တွေကြောင့်လည်း မြန်မာနဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးကွာဟချက်ကို ဖြစ်စေခဲ့ကာ မြန်မာ-တရုတ် ကုန်သွယ်မှုတန်ဖိုး ကွာဟချက်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၈ လတာကာလမှာတင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ တရားမဝင် မြေရှားသတ္တုတူးဖော်မှုတွေ ပြည်သူ့စစ်လက်နက်ကိုင် တပ်ဖွဲ့တွေ ထိန်းချုပ်ရာ ချီဖွေ၊ ပန်ဝါဒေသတွေမှာတင် မဟုတ်တော့ဘဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA/KIO) ထိန်းချုပ်တဲ့  မိုင်ဂျာယန်နဲ့ မန်စီဒေသတွေအထိ ကျယ်ပြန့်လာနေခဲ့ကာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာပဲ မန်စီမြို့နယ်မှာ မြေရှားသတ္တုတူးဖော်ဖို့ လုပ်နေတဲ့ (တရုတ်လူမျိုးတွေပါတဲ့) ကုမ္ပဏီနဲ့ ဘာသာရေးခေါင်း ဆောင်တွေ၊ ဒေသခံပြည်သူတွေအကြား တင်းမာမှုဖြစ်နေပါတယ်။ 

မြေရှားတူးဖော်တာကို ဒေသခံတွေက အပြင်းအထန် ကန့်ကွက်နေကြပြီး လုပ်ငန်းလုပ်နေသူတွေ အပြီးထွက်သွားဖို့ တောင်းဆိုနေကြတယ်လို့ ISP Myanmar က ပြောပါတယ်။

အရင်အတွေ့အကြုံတွေအရလည်း ပန်ဝါဒေသမှာ တူးဖော်ခဲ့တာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေး အခြေအနေတွေ ဆိုးရွားစွာ ထိခိုက်ခဲ့တဲ့အပြင် ခုလို မြေရှားသတ္တုတူးဖော်မှု နောက်ကွယ်မှာ စစ်ကောင်စီ၊ သူတို့နဲ့ နီးစပ်ရာ နယ်ခြားစောင့်တပ်ဖွဲ့တွေအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အကျိုးစီးပွားတွေပါ ရှိနေကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော်ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်း မာရေး၊ လူမှုရေးစတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့ကာ နိုင်ငံတဝန်းမှာလည်း ခုခံတော်လှန်စစ် အရှိန်မြှင့် ဖြစ်ပွားနေတာပါ။

ကမ္ဘာ့ဘဏ်အစီရင်ခံစာတခုမှာတော့ ဆင်းရဲမွဲတေမှု ပမာဏဟာ ကိုဗစ်-၁၉ မတိုင်ခင်ကထက် ၂ ဆ ပိုတိုးလာတယ်လို့ ဖော်ပြထားပြီး စစ်အာဏာသိမ်းတာက မြန်မာနိုင်ငံမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်တာကို အ ဟန့်အတားဖြစ်စေလိမ့်မယ်လို့လည်း ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013