DVB Logo
Home
မြန်မာသတင်း
ဆန်စပါး ဥပဒေမူကြမ်းကို ဆွေးနွေးမည်
DVB
·
March 5, 2023
ဆန်စပါး ဥပဒေမူကြမ်းကို ဆွေးနွေးမည်
Donate to DVB

ဆန်စပါးဥပဒေမူကြမ်းကို စစ်ကောင်စီက ရေးဆွဲထားပြီး အဲ့ဒီမူကြမ်းကို မနက်ဖြန် မတ် ၆ ရက်နေ့ကနေစပြီး ရန်ကုန်နဲ့ ပုသိမ်မြို့တွေမှာ တပြိုင်တည် ဆွေးနွေးသွားဖို့ ပြင်ဆင်ထားပါတယ်။

မတ်လကနေ ဧပြီလဆန်းအထိ စပါးအဓိကစိုက်တဲ့ဒေသတွေမှာ ဆွေးနွေးပွဲတွေကို တောက်လျှောက်ပြုလုပ်သွားမှာဖြစ်ပြီး မန္တလေး၊ နေပြည်တော်၊ ပြည်၊ ဟင်္သာတ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေ စတဲ့ဒေသတွေမှာ ဆက်လက် ကျင်းပသွားဖို့ ရှိပါတယ်။

ဆန်စပါးဥပဒေကြမ်းမှာ အဓိကအချက်နှစ်ချက်ကို အတိပြုပြဋ္ဌာန်းဖို့ ထည့်သွင်းရေးဆွဲထားပြီး အဲ့ဒါတွေကတော့ ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးလာဖို့ရည်ရွယ်ပြီး ရန်ပုံငွေသီးသန့်ထူထောင်ဖို့နဲ့ စပါးဈေးတွေကျလာရင် အရန်ဆန် ဝယ်ယူရတဲ့အခြေအနေမှာ ငွေကြေး ထည့်ဝင်ရမယ့်အပိုင်းကို  မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။

မြန်မာ့ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ မျိုးကွဲများတဲ့ပြဿနာ၊ တနိုင်ငံလုံးမျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးနိုင်မှု နည်းပါးတဲ့ပြဿနာ၊ စနစ်ကျလယ်ယာမြေများ ပြုပြင်သုံးစွဲနိုင်တဲ့ အခြေအနေနည်းပါးတဲ့ပြဿနာ၊ စိုက်ပျိုးရေမရရှိနိုင်တဲ့ပြဿနာ၊ စပါးဈေးမတည်ငြိမ်နိုင်တဲ့ စတဲ့ ဖြေရှင်းရမယ့် အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

၂၀၂၂ ခုနှစ် အောက်တိုဘာမှာ နှစ်ရက်တာကျင်းပခဲ့တဲ့ မြန်မာ့ဆန်စပါးညီလာခံမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် ၄၄ ချက်ကိုထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲက ၄၁ ချက်မြောက်မှာ ဆန်စပါးဥပဒေကိုရေးဆွဲဖို့ ပြဋ္ဌာန်းထားပါတယ်။

ဆန်စပါးအသင်းအဖွဲ့တွေက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန်နှစ်သန်းခွဲ တင်ပို့နိုင်ဖို့ နှစ်စမှာ ရည်ရွယ်ထားပေမယ့် နိုင်ငံရေးမတည်ငြိမ်နိုင်တာတွေက ဆန်စပါး ထုတ်လုပ်မှုကို ထိခိုက်စေပြီး ပြည်တွင်းစားသုံးမှုကို ထိခိုက်လာမှာစိုးရိမ်တာကြောင့် ၂.၂ သန်းလောက်သာ တင်ပို့နိုင်တော့မယ်လို့ ဆန်စပါးအသင်းအဖွဲ့တွေက ခန့်မှန်းပြောဆိုကြပါတယ်။ 

အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ စပါးစိုက်ဧကချင်းပြောရလောက်အောင် မပိုပေမယ့် အခုနှစ်အတွင်း ဆန်တန်ချိန် ခုနှစ်သန်းခွဲတင်ပို့နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒီပမာဏက မြန်မာ့ဆန်တင်ပို့မှုထက် နှစ်ဆလောက်ပိုများနေတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013