DVB Logo
Home
မြန်မာသတင်း
ကမမောင်းမြို့ ကတိုင်တိရဲစခန်းကို KNLA ပူး‌ပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်
DVB
·
March 5, 2023
ကမမောင်းမြို့ ကတိုင်တိရဲစခန်းကို KNLA ပူး‌ပေါင်းအဖွဲ့က စီးနင်းတိုက်ခိုက်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ နယ်မြေအတွင်းက ကရင်ပြည်နယ် ကမမောင်း မြို့နယ်ခွဲ ကတိုင်တိကျေးရွာရဲစခန်းကို မတ် ၄ ရက် မနက် ၁ နာရီဝန်းကျင်လောက်က KNLA မဟာမိတ်ပူး‌ပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖာပွန်ခရိုင် ပြည်သူကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီရဲ့ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကျေးရွာအပြင်မှာ အခြေစိုက်ထားတဲ့ ကတိုက်တိတပ်စခန်းနဲ့ ၁၀၁၃ နယ်ခြားစောင့်(BGF)တပ်ရင်းကနေ လက်နက်ကြီး လက်နက်ငယ် တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်   ၁ နာရီနီးပါးကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာမှာ ရဲစခန်းအတွင်း နေထိုင်တဲ့ ရဲတပ်သားရဲ့ မိခင်တဦး ကျည်ထိမှန်သေဆုံးခဲ့ပါတယ်။

ဖာပွန်ခရိုင်ပြည်သူကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက “ဒီနေ့မနက်ပိုင်း ၁ နာရီ ၁၅ လောက်မှာ  တိုက်ခိုက်မှုဖြစ်တယ်။ ရဲစခန်းကိုလည်း မီးရှို့လိုက်တယ်။ သိပ်ပြီးတော့ လောင်ကျွမ်းမှု မဖြစ် လိုက်ဘူး။ တပ်စခန်းက လက်နက်ကြီးနဲ့ကော လက်နက်ငယ် ရော လှမ်းပစ်တာတော့ ပြန်ဆုတ်ခွာ ခဲ့တယ်”လို့ ပြောပါတယ်။

ကတိုင်တိရဲစခန်းအတွင်း ရဲတပ်ဖွဲ့ဝင်အင်အား ၁၅ ဦးနီးပါးရှိပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်  ရဲတပ်ဖွဲ့ဝင်တွေဟာ ၁၀၁၃ နယ်ခြားစောင့်(BGF)တပ်ရင်းမှာ သွားရောက် အင်အားဖြည့်တင်းပြီး ပူးပေါင်းနေတဲ့အတွက် စခန်းအတွင်းမှာ တပ်ဖွဲ့ဝင်မိသားစုတွေလောက်ပဲကျန်ရှိတဲ့အတွက် KNLA မဟာမိတ်ပူး‌ပေါင်းတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့တာလို့လည်း ဆိုပါတယ်။

နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်ပြီး နေအိမ်အတွင်းက ဗုံးခိုကျင်းတွေနဲ့ လုံခြုံရာနေရာတွေမှာ ပုန်းခိုနေခဲ့ရတယ်လို့ ဒေသခံ အမျိုးသမီး တဦးက ပြောပါတယ်။

တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီလက်အောက်ခံတပ်နဲ့ နယ်မြေခံ KNLA မဟာမိတ် ပူး‌ပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013