DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတိုင်း၌ ၂ နှစ်အတွင်း လူနေအိမ် ၄၃၀ ကျော်မီးရှို့ခံရ၊ တိုက်ပွဲ ၃၅၈ ကြိမ်ဖြစ်၊ အရပ်သားသေဆုံးသူ ၃၉၄ ဦးရှိ
DVB
·
March 5, 2023
တနင်္သာရီတိုင်း၌ ၂ နှစ်အတွင်း လူနေအိမ် ၄၃၀ ကျော်မီးရှို့ခံရ၊ တိုက်ပွဲ ၃၅၈ ကြိမ်ဖြစ်၊   အရပ်သားသေဆုံးသူ ၃၉၄ ဦးရှိ
Donate to DVB

စစ်အာဏာသိမ်းပြီး ၂ဝ၂၁ စက်တင်ဘာကနေ ၂ဝ၂၃ ဖေဖော်ဝါရီအထိ တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက နေအိမ်အလုံးပေါင်း ၄၃၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Southern Monitor က ထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း ပုလောမြို့နယ်မှာ နေအိမ် ၃၂၈ လုံး၊ သ‌ရက်ချောင်းမြို့နယ်မှာ နေအိမ် အလုံး ၄ဝ၊ ထားဝယ်မြို့နယ်မှာ ၂၆ လုံး၊ တနင်္သာရီမြို့နယ်မှာ အလုံး ၂ဝ၊ လောင်းလုံးမြို့နယ်မှာ နေအိမ် ၉ လုံး၊ ရေဖြူမြို့နယ်မှာ နေအိမ် ၈ လုံး၊ ဘုတ်ပြင်းမြို့နယ်မှာ နေအိမ် ၃ လုံး နဲ့ မြိတ်မြို့နယ်မှာ နေအိမ် ၁ လုံးတို့အား စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ထားဝယ်မှာ နေအိမ် ၄ လုံး၊ လောင်းလုံးမှာ နေအိမ် ၁ လုံးနဲ့ ပုလောမြို့နယ်မှာ နေအိမ် ၂ဝ၁ လုံးတို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မီးရှို့တဲ့ဖြစ်စဉ်တွေမှာ စစ်ကောင်စီတပ် ယာဉ်တန်းမိုင်းဆွဲခံရတာတွေအပြင် နှစ်ဖက်တိုက်ပွဲကြောင့် အနီးရှိကျေးရွာက နေအိမ်တွေကို မီးရှို့တာနဲ့ စစ်ကြောင်းထိုးဝင်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးတဲ့အခါ ကျေးရွာ နေအိမ်တွေကို မီးရှို့တာတွေ ပြုလုပ်ခဲ့တာလို့ Southern Monitor ကနေထုတ်ပြန်ထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီလက်ထက် အဆိုပါ မြို့နယ်တွေရှိ မီးရှို့ခံရတဲ့ ကျေးရွာများထဲက ဒေသခံတွေဟာ အိုးအိမ်စည်းစိမ်တွေကိုစွန့်ခွာပြီး နီးစပ်ရာ ဘေးကင်းတဲ့နေရာ‌တချို့နဲ့ စစ်ရှောင်စခန်း‌တချို့မှာ သွားရောက်နေထိုင်နေကြရတယ်လို့ သိရပါတယ်။

Southern Monitor က စုစည်းထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ အရပ်သားသေဆုံးသူ စုစုပေါင်း ၃၉၄ ဦး၊ အရပ်သား ဒဏ်ရာရသူ ၁၄၆ ဦးရှိခဲ့ပြီး အရပ်သားထိခိုက်မှု စုစုပေါင်း ၅၄၀ ဦးရှိခဲ့ကြောင်းလည်း သိရပါတယ်။

အရပ်သားထိခိုက်မှုအများဆုံးက လောင်းလုံးမြို့နယ်ဖြစ်ပြီး အရပ်သားသေဆုံးသူ စုစုပေါင်း ၁၀၇ ဦး နဲ့ အရပ်သား ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့ပါတယ်။ အလားတူ ရေဖြူ၊ ထားဝယ်၊ ပုလော၊ သရက်ချောင်းမြို့နယ်တွေမှာလည်း အရပ်သားထိခိုက်မှု များပြားတာတွေ့ရပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တိုက်ပွဲဖြစ်စဉ် ၃၅၈ ကြိမ်၊ ဗုံးကွဲခြင်း၊ မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်း ဖြစ်စဉ် ၂၄၃ ကြိမ်နဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ အရပ်သားထိခိုက်မှုဖြစ်စဉ် ၃၉၇ ကြိမ်၊ စုစုပေါင်း အကြမ်းဖက်ပဋိပက္ခဖြစ်စဉ် ၉၉၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်းလည်း Southern Monitor အဖွဲ့က မှတ်တမ်းပြုစုထားပါတယ်။

ဖြစ်စဉ်အများစုဟာ ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်အတွင်းက မြို့နယ်တွေမှာ အများဆုံးဖြစ်ပွား ခဲ့တာဖြစ်ပြီး ကော့သောင်းခရိုင်မှာတော့ ဖြစ်စဉ်အရေအတွက် နည်းပါးတာတွေ့ရပါတယ်။

လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းများအားလုံးအနေနဲ့ အရပ်သားထိခိုက်မှုအ နည်းဆုံးဖြစ်အောင် စစ်ရေးကျင့်ဝတ်တွေကို အတတ်နိုင်ဆုံး လိုက်နာကြဖို့ Southern Monitor အဖွဲ့က တိုက်တွန်းပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013