DVB Logo
Home
မြန်မာသတင်း
ပအိုဝ်းတိုင်းရင်းသားအင်အားစုများအတွက် ဂုဏ်ယူကြောင်း NUG သဝဏ်လွှာပေးပို့
DVB
·
March 5, 2023
ပအိုဝ်းတိုင်းရင်းသားအင်အားစုများအတွက် ဂုဏ်ယူကြောင်း NUG သဝဏ်လွှာပေးပို့
Donate to DVB

အာဏာရှင်စနစ်ဟူသမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်လိုတဲ့ ပအိုဝ်းအင်အားစုတွေအနေနဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (Pa-O National Federal Council) ရဲ့ ဦးဆောင်မှုမှာ အတူတကွစုစည်းပြီး၊ လက်တွေ့ကျတဲ့ နိုင်ငံရေးအခင်းအကျင်းထဲ ဝင်ရောက် ဆင်နွှဲနေကြတဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

မတ် ၅ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အတွက် NUG အစိုးရက ပေးပို့တဲ့ သဝဏ်လွှာမှာ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး စစ်အာဏာရှင်စနစ်အောက် ကျရောက်နေတဲ့ ပအိုဝ်းအမျိုးသားနေ့မှာ ပအိုဝ်းအမျိုးသားတွေအားလုံး စည်းလုံးညီညွတ်ပြီး ပအိုဝ်းအမျိုးသားများ လွတ်မြောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက်လည်း ဆထက်တိုး ကြိုးပမ်းဆောင် ရွက်နိုင်ကြပါစေကြောင်းလည်း ဆုတောင်းပေးထားပါတယ်။

၁၉၄၈ ခုနှစ်၊ မတ်လက ဖဆပလအစိုးရရဲ့ မြေယာခွဲဝေရေးမူဝါဒကို လက်မခံနိုင်ကြတဲ့ သထုံဒေသက ပအိုဝ်းလယ်သမား ၁၀၀၀၀ ကျော်ဟာ ပအိုဝ်းတောင်သူအဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုနဲ့ သထုံမြို့၊ ရေကျော် ဘုန်းကြီးကျောင်းမှာ လူထုစည်းဝေးမှုကြီးတစ်ရပ်ကို ကျင်းပခဲ့ကြပါတယ်။

အဆိုပါ စည်းဝေးမှုကြီးမှာတော့ မြေယာခွဲဝေရေးမူဝါဒကို ပြန်လည်ရုပ်သိမ်းပေးရေးအပါအဝင် မိမိတို့လူမျိုး အမည် “တောင်သူ” လို့ ခေါ်ဆိုရေးသားခြင်း မပြုဘဲ “ပအိုဝ်း” လို့သာ ခေါ်ဆိုရေးသားပေးဖို့တောင်းဆိုခဲ့ကြပြီး ၁၉၄၉ ခုနှစ်က စတင်ပြီးတော့ တပေါင်းလပြည့်နေ့မှာ ပအိုဝ်းလူမျိုးတွေ ကျင်းပလေ့ရှိတဲ့ ကောက်သစ်ပူဇော်ပွဲနေ့ကို ပအိုဝ်း အမျိုးသားနေ့အဖြစ် ပြောင်းလဲကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ 

ဒါကြောင့်မို့ ပအိုဝ်းအမျိုးသားနေ့ဟာ ပအိုဝ်းလူမျိုးတို့ရဲ့ စည်းလုံးညီညွတ်မှုနဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ဖော်ညွှန်းတဲ့ နေ့ထူးနေ့မြတ်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

NUG အစိုးရက ပေးပို့တဲ့ သဝဏ်လွှာမှာတော့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ ရောက်ရှိနေထိုင်နေကြတဲ့ ပအိုဝ်းလူမျိုးအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာလုံခြုံပြီးတော့ ဘေးရန်အပေါင်းကနေ ကင်းကွာကြ ပါစေကြောင်းလည်း ဆုတောင်းပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013