DVB Logo
Home
မြန်မာသတင်း
ညောင်တုန်းတွင် အမျိုးသား ၁ ဦးကို ရဲက ဖမ်းဆီးပြီး ရိုက်နှက်သတ်ဖြတ်
DVB
·
March 3, 2023
ညောင်တုန်းတွင် အမျိုးသား ၁ ဦးကို ရဲက ဖမ်းဆီးပြီး ရိုက်နှက်သတ်ဖြတ်
Donate to DVB

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာ အမျိုးသားတယောက်ကို ရဲတွေက ဖမ်းဆီးရိုက်နှက်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ညောင်တုန်းမြို့နယ်၊ ကဇန်းလမ်းဆုံမှာနေတဲ့ ဦးငစိုးကို ရဲကင်းနဲ့ ဆားမလောက်ရဲစခန်းက ရဲတွေ ဖမ်းဆီးရိုက်နှက်တာကြောင့် သေဆုံးသွားပြီး မတ်လ ၃ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီမှာပဲ သင်္ဂြိုဟ်လိုက်တာ ဖြစ်ပါတယ်။

ဒေသခံတယောက်က “ဖြစ်ပုံက ဒီလို။ ဦးငစိုးရဲ့သား ဇင်ဇော်မင်းက ပြီးခဲ့တဲ့လက ရဲထဲကို ဝင်သွားတယ်။ အဲဒါကို ဦးငစိုးက မကြိုက်ဘူး။ အဲဒီတော့ မူးလာရင် ဆဲတယ်။ ပြီးခဲ့တဲ့ ၂၈ ရက်နေ့ ညနေကလည်း ဆဲနေတုန်း ကဇန်းလမ်းဆုံ ရဲကင်းက ရဲတွေက လာဖမ်းသွားတာ” လို့ ပြောပါတယ်။

ဦးငစိုးရဲ့ ညီမဖြစ်သူရဲ့ ယောကျ်ားဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့စက်ရုံက ရဲတပ်ကြပ်အဆင့် ဖြစ်ပြီး သူက ဆားမလောက်ရဲစခန်းကို တိုင်ကြားခဲ့တာလို့လည်း ဒေသခံတချို့က ပြောပါတယ်။

“ညနေ ၆ နာရီလောက်မှာ ကဇန်းရဲကင်းက ခေါ်သွားတယ်။ အဲဒီမှာ ရိုက်ကြတယ်။ ပြီးတော့ ဆားမလောက်ရဲစခန်းကို ပို့ပြီး အဲဒီမှာလည်း ရိုက်တယ်။ နောက်နေ့တော့ ဒဏ်ရာတွေနဲ့ အိမ်ကိုပြန်ရောက်လာတယ်။ ချောင်းကြီးတိုက်နယ်ဆေးရုံကိုပို့ပေမဲ့ မအူပင်ဆေးရုံကို အရေးပေါ်လွှဲပေးတယ်။ ဆေးရုံမှာပဲ သေသွားတာ။ နားထင်မှာ ဒဏ်ရာတော်တော်ရထားတယ်။ ဓာတ်ပုံရိုက်ဖို့က အဆင်မပြေဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဦးငစိုးဟာ လေဖြတ်ပြီး သေဆုံးတာလို့ ဇနီးဖြစ်သူကို လက်မှတ်ထိုးခိုင်းတဲ့အကြောင်း ဒေသခံတချို့က ပြောပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရဲစခန်းကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013