
ရီးရဲယ်မက်ဒရစ်အသင်းဟာ ဂီရိုနာနဲ့ သရေကျခဲ့လို့ လာလီဂါချန်ပီယံဆု ရယူဖို့ မျှော်လင့်ချက် ပိုဝေးသွားပြီ ဖြစ်ပါတယ်။
ဒီပွဲသာ နိုင်ခဲ့ရင် ဇယားထိပ်က ဘာစီလိုနာနဲ့ ၄ မှတ်ပဲ ကွာတော့မှာဖြစ်ပေမဲ့ အခုတော့ ဘာစီလိုနာသာ နောက်ပွဲနိုင်ရင် ၉ မှတ်အထိ ကွာဟသွားပါတော့မယ်။
ပွဲချိန် ၅၁ မိနစ်မှာ ဗယ်ဗာဒီက ရီးရဲယ်အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမဲ့ ၁၁ မိနစ်အကြာမှာ သောမတ်စ်လီမာက ဂီရိုနာအတွက် ချေပဂိုး ပြန်သွင်းသွားပါတယ်။
အမ်ဘာပေ၊ ဗီနီစီးယက်စ်နဲ့ ဘယ်လင်ဟမ်တို့လို ကစားသမားတွေ ပါဝင်ပေမဲ့ အနိုင်ဂိုး ထပ်မသွင်းနိုင်ခဲ့လို့ ပွဲအပြီးမှာ ပရိသတ်တွေရဲ့ လှောင်ပြောင်တာကို ခံခဲ့ရပါတယ်။
ရီးရဲယ်ဟာ ပြိုင်ပွဲစုံ ၃ ပွဲဆက် နိုင်ပွဲပျောက်နေပြီး လာမဲ့ ဗုဒ္ဓဟူးနေ့မှာလည်း ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ကို အဝေးကွင်း သွားကစားရဦးမှာပါ။
ဇန်နဝါရီလကမှ ဇာဘီအလွန်ဆို နေရာမှာ အစားထိုးဝင်လာတဲ့ နည်းပြ အာဘယ်လိုအာ အတွက်ကတော့ ဒီရလဒ်တွေကြောင့် ဖိအားတွေ ပိုများလာနေပြီ ဖြစ်ပါတယ်။











