DVB Logo
Home
မြန်မာသတင်း
နေပြည်တော်တွင် ရဲကိုပစ်ခတ် ထွက်ပြေးသွားသည့် အချုပ်သားများအနက် ၁ ဦးသေဆုံး၊ ၂ ဦး အရှင်ဖမ်းမိ
DVB
·
March 3, 2023
နေပြည်တော်တွင် ရဲကိုပစ်ခတ် ထွက်ပြေးသွားသည့် အချုပ်သားများအနက် ၁ ဦးသေဆုံး၊ ၂ ဦး အရှင်ဖမ်းမိ
Donate to DVB

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အချုပ်ကားပေါ်က ရဲကိုသေနတ်နဲ့ပစ်ခတ်ပြီး ထွက်ပြေးသွားတဲ့ အချုပ်သားတွေထဲက သုံးဦးကို စစ်တပ်ကပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်ဦးသေဆုံး နှစ်ဦးအရှင်ဖမ်းမိခဲ့တယ်လို့ နေပြည်တော် ရဲတပ်ဖွဲ့အသိုက်အဝန်းက သိရပါတယ်။

မတ်လ ၁ ရက်က  နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပျဥ်းမနားခရိုင်၊ ပုပ္ပသီရီခရိုင်၊ ဇေယျာသီရီခရိုင်စတဲ့ တရားရုံးတွေမှ အချုပ်သား အယောက် ၂၀ ကိုရမည်းသင်းထောင်ကို ပြန်အပို့ တပ်ကုန်းမြို့နယ်အရောက်မှာ အချုပ်ကားပေါ်ကနေ အချုပ်သားကိုးဦးထွက်ပြေးခဲ့တာဖြစ်ပြီး အခုအထိ ခြောက်ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲပဲလို့ ရဲအရာရှိနဲ့ နီးစပ်သူက ပြောပါတယ်။

"ထွက်ပြေးတာ ကိုးယောက်ပါ။ သုံးဦးပြန်မိတယ်။ တစ်ဦးကအသေ။ နှစ်ဦးက အရှင်မိတာပါ ခြောက်ဦးက မမိသေးဘူး"လို့ ပြောပါတယ်။

အဆိုပါအချုပ်သားတွေကို ရမည်းသင်းထောင်ကိုသွားပို့ရာ တပ်ကုန်းမြိုနယ် မိုင်တိုင်၂၄၆ အရောက်မှာ အချုပ်ကားအနောက်ခန်းမှ ဖုန်းဆက်လို့ ဒုရဲအုပ်ဝေလင်းဖြိုး၊ ဒုရဲအုပ်ကျော်မင်းနိုင်နဲ့ ရဲတပ်သားဖြိုးဝေအောင်တို့က တံခါးဖွင့်ပေးရာ အချုပ်သားတွေက ထွက်ပြေးလို့ သေနတ်နဲ့ချိန်ရာ အချုပ်သားတွေက သေနတ်ကိုလုပစ်ခတ်ခဲ့လို့  ရဲတပ်သားတဦးထိမှန်ခဲ့ပါတယ်။

"ကားအနောက်ခန်းက ရဲကိုထိုးကြိတ်ပြီး အဲ့ဒီရဲဆီက ဖုန်းနဲ့ ကားခေါင်းခန်းက ဒုရဲအုပ်ကို ဖုန်းဆက်ပြီး တံခါးလာဖွင့်ခိုင်းတာ လာဖွင့်တဲ့အချိန် ကိုးယောက်က ရဲတွေကို တိုက်ခိုက်ပြီး ထွက်ပြေးတာ” လို့ ပြောပါတယ်။

အချုပ်သားတွေထွက်ပြေးပြီးနောက် စစ်ကောင်စီတပ်က ရောက်လာကာ ကားပေါ်မှာ ကျန်နေတဲ့ အချုပ်သား အမျိုးသား ၉ ဦးနဲ့ အမျိုးသမီး ၂ ဦးကို တပ်ကုန်းမြို့မရဲစခန်းမှာ ချုပ်နှောင်ထားကာ ထွက်ပြေးသွားတဲ့ အချုပ်သားတွေကို လိုက်လံရှာဖွေနေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်နဲ့နီးစပ်သူ တဦးက "သဲဖြူရွာနဲ့ ရွှေစုရွာကြားက ပြောင်းခင်းထဲမှာ ၃ ယောက် မိတာ  ခြောက်ဦးကတော့ မမိသေးဘူး မနေညကပဲမိတာ"လို့ ရှင်းပြပါတယ်။

လွတ်မြောက်နေသူခြောက်ဦးဟာ ပျဥ်းမနားခရိုင်၊ ပုပ္ပသီရီခရိုင်၊ ဇေယျာသီရီခရိုင် စတဲ့တရားရုံးတွေမှာ ပုဒ်မ ၃၇၉၊ ပုဒ်မ ၃၀၇ ၊ ပုဒ်မ ၃၉၂ ၊ ၃၂၆ စတဲ့ ပုဒ်မတွေနဲ့ အမှုရင်ဆိုင်နေရသူတွေဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013