DVB Logo
Home
မြန်မာသတင်း
ဝန်းသိုမြို့နယ်၌ ပ.လ.ဖ ခေါင်းဆောင်၏နေအိမ်ကို စစ်တပ်ကဝင်စီး၊ ၂ ဦးသေဆုံးပြီး လူငယ် ၂ ဦး ဖမ်းဆီးခံရ
DVB
·
March 1, 2023
ဝန်းသိုမြို့နယ်၌ ပ.လ.ဖ ခေါင်းဆောင်၏နေအိမ်ကို စစ်တပ်ကဝင်စီး၊ ၂ ဦးသေဆုံးပြီး လူငယ် ၂ ဦး ဖမ်းဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ကြိမ်ချောင်းရွာက ပြည်သူ့လုံခြုံရေးအဖွဲ့ (ပ.လ.ဖ) ခေါင်းဆောင်တယောက်ရဲ့ နေအိမ်ကို ဖေဖော်ဝါရီ ၂၆ ရက် မနက် ၄ နာရီလောက်မှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပ.လ.ဖ ခေါင်းဆောင်တယောက်နဲ့ တပ်ဖွဲ့ဝင်တယောက် သေဆုံးခဲ့ကာ လူငယ်နှစ်ယောက် ဖမ်းဆီးခံရပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်နှစ်ယောက်ရဲ့ လက်ရှိအခြေအနေကို ဘာမှမသိရသေးဘူးလို့ ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

“ဖမ်းသွားကတည်းကနေ ဒီနေ့အထိ ဘာအခြေအနေမှ မသိရသေးဘူး။ သေလား ရှင်လားလည်း မသိရသေးဘူး။ ဝန်းသိုထဲကို ခေါ်သွားတာတော့ ဟုတ်တယ်။ ဝန်းသိုက ၁၁၁ တပ်ရင်းထဲကို ဖြစ်မယ်။ ကျန်တာတွေတော့ ဘာမှ မသိရသေးဘူး။”

ပ.လ.ဖ နေအိမ်ကို ဝင်ရောက်စီးနင်းပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဝန်းသို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၄ တပ်ဖွဲ့တွေ ဖေဖော်ဝါရီ ၂၆ ရက် မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်လည်း ထိခိုက်ကျဆုံးမှုရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူက ပြောပါတယ်။

“ပ.လ.ဖ နေအိမ်ကို ဝင်စီးပြီး ပြန်လာတဲ့စစ်ကြောင်းနဲ့ ဒီ ဂျိုးတောင်တိုက်နယ် သဖန်းစိတ်ရွာနားမှာ ထိတွေ့တိုက်ပွဲဖြစ်တယ်။ (--) တွေဘက် ထိခိုက်ကျဆုံးများတယ်၊ ကိုယ့်ဘက်က ဒဏ်ရာရတာက သုံးယောက်၊ တယောက်ကတော့ ကျဆုံးသွားတယ်။”

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က စစ်ယူနီဖောင်းတွေနဲ့ ကျည်ဆန်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။

ပ.လ.ဖနေအိမ် ဝင်ရောက်စီးနင်းခဲ့ပြီး ပစ်သတ်ခံရတာက ဒလန်ရဲ့ သတင်းပေးမှုကြောင့် ဖြစ်တယ်လို့ ဝန်းသို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013