DVB Logo
Home
မြန်မာသတင်း
တောင်ဥက္ကလာရဲစခန်း ဗုံးပစ်ခံရ၊ စစ်တပ်က ပိတ်ဆို့စစ်ဆေး
DVB
·
March 1, 2023
တောင်ဥက္ကလာရဲစခန်း ဗုံးပစ်ခံရ၊ စစ်တပ်က ပိတ်ဆို့စစ်ဆေး
Donate to DVB

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့မရဲစခန်းကို မတ်လ ၁ ရက် ဒီနေ့မနက် ၉ နာရီက ဗုံးနဲ့အပစ်ခံရပြီး စစ်ကောင်စီတပ်က သစ္စာလမ်းမကြီးနဲ့ ဓမ္မရာဇာလမ်းကို ပိတ်ဆို့စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ဒီနေ့မနက် ၉ နာရီက တောင်ဥက္ကလာပမြို့မရဲစခန်းရှေ့မှာ လက်လုပ်ဗုံးတလုံးတွေ့လို့ ရဲတပ်ဖွဲ့က စစ်အင်ဂျင်နီယာတပ်ရင်းကို ဖုန်းဆက်အကြောင်းကြားခဲ့တာလို့ ၁၀ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ဗုံးနဲ့ပစ်သွားတာ၊ ရဲစခန်းရှေ့ ကျသွားတယ်၊ မပေါက်သေးဘူး၊ ဗုံးပေါက်တာက စစ်တပ်က ဖောက်ခွဲပစ်တာ၊ လမ်းတွေပိတ်ပြီး စစ်ဆေးနေတယ်။”

စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက ရဲစခန်းရှေ့ သစ္စာလမ်းမကြီးကို ပိတ်ဆို့ကာ ဗုံးလက်ကျန်ရှိမရှိ စစ်ဆေးခဲ့တယ်လို့လည်း ရပ်မိရပ်ဖတဦးက ပြောပါတယ်။

“ဗုံးပေါက်ပြီဆိုတာနဲ့ ဘယ်သူမှ အဲ့နားမလာရဲဘူး။ စစ်တပ်က ကြုံရာလူဖမ်းတာ။ ဒီဖြစ်စဥ်တွေကြောင့် ဘုမသိဘမသိ အဖမ်းခံရတဲ့သူတွေ အများကြီးပဲ။”

ဗုံးပေါက်ပြီးနောက် စစ်တပ်က ရဲစခန်းအနီးမှာရှိတဲ့ သစ္စာလမ်းမကြီးနဲ့ ဓမ္မရာဇာလမ်းကို ခေတ္တပိတ်ဆို့စစ်ဆေးရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီ ၂၈ ရက်ကလည်း တောင်ဥက္ကလာပမြို့မရဲစခန်းမှာ ဗုံးပေါက်ကွဲခဲ့ပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013