DVB Logo
Home
မြန်မာသတင်း
မြင်းမူတွင် ကုန်စုံဆိုင်မီးလောင်ပြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ကျပ်သိန်း ၂၀၀ ခန့်ဆုံးရှုံး
DVB
·
February 28, 2023
မြင်းမူတွင် ကုန်စုံဆိုင်မီးလောင်ပြီး အမျိုးသမီး ၁ ဦးသေဆုံး၊ ကျပ်သိန်း ၂၀၀ ခန့်ဆုံးရှုံး
Donate to DVB

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မာဃရပ်ကွက်၊ မုံရွာ-မန္တလေး ကားလမ်းမဘေးက ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁ နာရီကျော်က မီးအားမြှင့်စက်ကနေ မီးစတင်လောင်ကျွမ်းခဲ့ကာ လူ ၁ ဦး သေဆုံးပြီး  ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကာ ပျက်စီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၀၀ ခန့်ရှိတယ်လို့ မြင်းမူမြို့နယ်မီးသတ်ဌာနက ပြောပါတယ်။

အဆိုပါနေရာဟာ မြင်းမူ CB ဘဏ်အနီးမှာရှိတဲ့ ကုန်စုံဆိုင်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲဒီညက မီးပျက်နေတာကြောင့် မီးစက်နှိုးပြီး မီးအားမြှင့်စက်သုံးရာကနေ အပူလွန်ကဲ လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

ကုန်စုံဆိုင် နှစ်ထပ်အဆောက်အဦရဲ့ အပေါ်ထပ်မှာ မိသားစု ၃ ဦး အိပ်ပျော်နေချိန် မီးလောင်ခဲ့တဲ့အတွက် မီးသတ်ဌာနက ရှာဖွေကယ်ဆယ်‌ခဲ့ပေမဲ့ အသက် ၆၇ နှစ်အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၄၂ နှစ်အရွယ် အမျိုးသမီး ၁ ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့ပြီး အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြင်းမူမီးသတ်ဌာန တာဝန်ရှိသူတဦးက“အပေါ်မှာ အိပ်ပျော်နေတဲ့ မိသားစု ၃ ယောက်မှာ ၂ ယောက်ကိုတော့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်တာပေါ့။ အသက်ရှူမွန်းကြပ်ပြီးတော့ ၁ ယောက် သေဆုံးသွားတယ်။ အမျိုးသမီး အသက် ၅၈ နှစ်၊ ဆိုင်က အဓိကတော့ ကုန်စုံဆိုင်ပေါ့။ အပေါ်ထပ်မှာ လူနေတာ၊ ‌အောက်ထပ်က ရောင်းတာ၊ ထိခိုက်သူ ၂ ဦးက မစိုးရိမ်ရဒဏ်ရာ ရပါတယ်။ မီးလောင်တာက မီးပျက်နေတဲ့အချိန်မှာ သူတို့က အော်တိုမီးစက် မောင်းထားတာ။ မီးအားကမနိုင်တော့ မီးအားမြှင့်စက် ခံသုံးတာ၊ အဲ့စက်က အပူလွန်ကဲပြီးတော့မှ လောင်တာပါ” လို့ ပြောပါတယ်။

အခုမီးလောင်မှုကို မြင်းမူမီးသတ်ဌာနက မီးသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ မြို့မအရန်မီးသတ်က မီးသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရပြီး မနက် ၂ နာရီခွဲမှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013