DVB Logo
Home
မြန်မာသတင်း
တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦးသေ၊ စစ်ကိုင်းတိုင်းတွင် တိုက်ပွဲ ၁၁ ကြိမ် ဖြင့် အများဆုံးဖြစ်
DVB
·
February 28, 2023
တရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦးသေ၊ စစ်ကိုင်းတိုင်းတွင် တိုက်ပွဲ ၁၁ ကြိမ် ဖြင့် အများဆုံးဖြစ်
Donate to DVB

ဖေဖော်ဝါရီ ၂၇ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင် ၄၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ အရေအတွက်ကတော့ ၁၁ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ PDF တပ်တွေကြား တိုက်ပွဲတွေ အပြန်အလှန် ဖြစ်ပွားခဲ့ပြီး ခင်ဦးမြို့နယ်မှာတော့ စစ်ကောင်စီတပ် တွေက PDF ၂ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ ယင်းမာပင်မြို့နယ်မှာတော့ စစ်ကောင်စီ ရဲတပ်ရင်းကို PDF တပ်ဖွဲ့တွေက တာဝေးပစ် လက်နက်နဲ့ ပစ်ခတ်ခဲ့ကြပြီး မုံရွာမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ PDF တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွှေဘိုမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေကို PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာကြောင့် စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးခဲ့ပြီး မြင်းမူမြို့နယ်မှာလည်း အကြမ်းဖက်စစ်ကောင်စီတပ် တွေနဲ့ PDF တို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒေသခံပြည်သူတွေကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာတော့ စစ်ကောင်စီသတင်းပေး သူလျှိုစခန်းကို PDF တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ပဲခူးတိုင်း၊ ဖြူးမြို့နယ်မှာတော့ ဆက်ကြေးကောက်ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်တွေကို PDF တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပြီး ဝေါမြို့နယ်မှာလည်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို PDF တို့က ဝင် ရောက်တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကယားပြည်နယ်၊ ရှားတောမြို့နယ်မှာတော့ စစ်ကောင်စီ ရိက္ခာသယ်ကားကို PDF တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီးတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013