DVB Logo
Home
မြန်မာသတင်း
တာချီလိတ် ကြံ့ခိုင်ရေးပါတီရုံးအနီး ဗုံး ၅ ကြိမ်ပေါက်ကွဲ၊ အနည်းဆုံးလူ ၃ ဦး ဒဏ်ရာရ
DVB
·
February 28, 2023
တာချီလိတ် ကြံ့ခိုင်ရေးပါတီရုံးအနီး ဗုံး ၅ ကြိမ်ပေါက်ကွဲ၊ အနည်းဆုံးလူ ၃ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ထဲမှာ  ဖေဖော်ဝါရီ ၂၇ ရက် မနေ့ညက ဗုံးပေါက်ကွဲမှု ၅ ကြိမ် ဖြစ်ပွါးပြီး အနည်းဆုံး လူ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မနေ့ည ၉ နာရီကျော်လောက်က မကာဟိုခမ်းရပ်ကွက်ဘက်ကနေ ကျယ်လောင်တဲ့ပေါက်ကွဲသံ ၄ ကြိမ်ကြားရကြောင်း၊ ည ၁၁ နာရီလောက်မှာ နောက်တကြိမ်ထပ်ကြားရကြောင်း၊ ကြံ့ခိုင်ရေးပါတီရုံးနဲ့ မြဝတီဘဏ်ရှေ့ လမ်းမအနီးမှာ ပေါက်ကွဲပြီး မကာဟိုခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးအပါအဝင် အနည်းဆုံး ၃ ဦး ဒဏ်ရာရတယ်လို့  တာချီလိတ်မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညက ကျနော်တို့အိမ်ထဲမှာရှိနေတုန်းပေါက်ကွဲသံကြားရတယ်။ အသံက အကျယ်ကြီးပဲ ဝိန်းကျောက်ကနေတောင်ကြားရတယ်။ တကြိမ်နဲ့တကြိမ်က မိနစ် ၂၀ လောက်ခြားတယ်။ ပထမပိုင်းမှာ ၄ ခါ  ည ၁၁ နာရီလောက်မှာ နောက်ထပ် ၁ ခါကြားတယ်။ ၅ ခါစလုံး အဲဒီကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးနားမှာပဲပေါက်တာ။ ပထမတကြိမ်ပေါက်ကွဲတာကို မကာဟိုခမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ တပည့်တွေသွားစစ်ဆေးနေတုန်း ဗုံးထပ်ပေါက်လို့ ဒဏ်ရာရသွားတာပါ။ ဗုံးဆန်အစတွေ လွှင့်စင်တာမို့ ဒဏ်ရာတော့ မပြင်းထန်ဘူးလို့ သိရတယ်၊ ကျနော်တို့ သိရသလောက်တော့ ဒဏ်ရာရတာ ၃ ယောက်။”

နောက်ဒေသခံတစ်ဦးကတော့ ဒီမတိုင်ခင်ရှေ့က တာချီလိတ်ခရိုင်ရုံးမှာ ရှမ်းအရှေ့ ကြံ့ခိုင်ရေးပါတီ အစည်းအဝေးရှိခဲ့ကြောင်း၊ မနေ့ည ဗုံးပေါက်မှုမှာ ၅ ဦးဒဏ်ရာရပြီး အမျိုးသမီးတွေလည်းပါတယ်လို့ ပြောပါတယ်။

အဆိုပါဗုံးကွဲမှုတွေဟာ ဘယ်အဖွဲ့အစည်းရဲ့လက်ချက်လဲဆိုတာ မသိရပေမဲ့ တာချီလိတ်-မယ်ဆိုင် အမှတ် ၁ ချစ်ကြည်ရေးတံတား ဖွင့်တာမကြာသေးဘဲ အရောင်းအဝယ်ပြန်ကောင်းဖို့ မျှော်လင့်နေတုန်းမှာဘဲ ခုလိုဗုံးပေါက်ကြောင့် တံတားပြန်ပိတ်သွားမှာ စိုးရိမ်ကြောင်းနဲ့ ဘယ်အဖွဲ့ပဲလုပ်လုပ် ပြည်သူတွေရဲ့ အခက်အခဲကို ထောက်ထားစေချင်တယ်လို့ ပြောပါတယ်။ 

စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးလှုပ်ရှားနေတဲ့ အရှေ့ပိုင်းနဂါးအဖွဲ့ ကတော့ သူတို့ရဲ့ လက်ချက်ဖြစ်ကြောင်းနဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် ၅ ဦးထိခိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013