DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးကာလ ရန်ကုန်တွင် ပထမဆုံးကျဆုံးခဲ့သည့် သူရဲကောင်း ၄ ဦးကို ဂုဏ်ပြုသည့် လှုပ်ရှားမှုပြုလုပ်
DVB
·
February 28, 2023
နွေဦးတော်လှန်ရေးကာလ ရန်ကုန်တွင် ပထမဆုံးကျဆုံးခဲ့သည့် သူရဲကောင်း ၄ ဦးကို ဂုဏ်ပြုသည့် လှုပ်ရှားမှုပြုလုပ်
Donate to DVB

၂၀၂၁ ဖေဖော်ဝါရီ ၂၈ ရက်က  စစ်အာဏာရှင်ရဲ့အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှာ ပထမဦးဆုံး ကျဆုံးသွားခဲ့တဲ့ ပြည်သူ ၄ ယောက်ကို  အောက်မေ့ ဂုဏ်ပြုတဲ့လှုပ်ရှားမှု ဒီကနေ့ရန်ကုန်မှာပြုလုပ်ခဲ့ကြပါတယ်။

ကျဆုံးသူတွေရဲ့  ရုပ်ပုံတွေကို ရိုက်နှိပ်ထားတဲ့ အင်္ကျီကိုဝတ်ဆင်ပြီး လွမ်းဆွတ်ခြင်းလှုပ်ရှားမှု တခုကို Yangon Revolution Force - YRFရဲ့  Soft Strike Community ရဲဘော်တွေက ရန်ကုန်မြို့နေရာအနှံ့မှာ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။  

အာဏာသိမ်းတာကိုဆန့်ကျင်ဆန္ဒပြတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ် ဖြိုခွင်းခဲ့တာကြောင့် မောင်ဇင်လင်းထက် (၂၀ နှစ်)၊ဒေါ်တင်နွဲ့ရီ (၅၉ နှစ်)၊ ကိုဟိန်းထွဋ်အောင် (၂၃ နှစ်) နဲ့ ကိုညီညီအောင်ထက်နိုင် (၂၃ နှစ်) တို့  တော်လှန်ရေးအတွင်း ရန်ကုန်မြို့မှာ ပထမဆုံး ကျဆုံးခဲ့တာဖြစ်ပါတယ်။

သူတိုကျဆုံးခြင်း ၂နှစ်ပြည့်နေ့မှာ ကျဆုံးခဲ့တဲ့ နေရာတွေအပါအဝင် ရန်ကုန်မြို့လည်နေရာအချို့မှာ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုကို လူငယ်တွေက ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ YRF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013