Home
မြန်မာသတင်း
စမ်း‌ချောင်းတွင် ဓားဒဏ်ရာများဖြင် အမျိုးသား ၁ ဦးသေဆုံး၊ ဓာတ်ပုံမော်ဒယ် ၁ ဦး ပြတ်ရှဒဏ်ရာရ
DVB
·
February 27, 2023
331472016_905087794025181_617688527

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ စမ်းချောင်းလမ်းမ၊ 777 ဘီယာဆိုင်အနီးရှိ ၆ လွှာ တိုက်ခန်းတခုမှာ ဖေဖော်ဝါရီ ၂၆ ရက် ည ၁၁ နာရီ ၄၅ မိနစ်လောက်က အမျိုးသား ၁ ဦးနဲ့  အမျိုးသမီး ၁ ဦး ဓားဒဏ်ရာတွေနဲ့ လဲကျနေတယ်လို့ အဲဒီတိုက်ခန်းနေသူတွေက လူမှုကယ်ဆယ်ရေးအသင်းတွေဆီ အကူအညီ တောင်းခဲ့တယ်လို့ သိရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာချိန်မှာတော့ တိုက်ခန်းဝင်ပေါက်မှာ အမျိုးသားဖြစ်သူက ဓားဒဏ်ရာ ၅ ချက်နဲ့ သေဆုံးနေပြီဖြစ်ပြီး အမျိုးသမီးဖြစ်သူက ဧည့်ခန်းမှာ ပြတ်ရှဒဏ်ရာ ၃ ချက်နဲ့ လဲကျနေတာပါ။

အဲ့ဒီည ၁၁ နာရီခွဲလောက်ကတည်းက အဆိုပါတိုက်ခန်းမှာ အပြန်အလှန် ရန်ဖြစ်သံတွေ ကြားရပြီး အမျိုးသားဖြစ်သူက တိုက်ခန်းတံခါးဝကို ပြေးထွက်ကာ ပတ်ဝန်းကျင်ကို အကူအညီ တောင်းခဲ့ပေမဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“သတင်းရတော့ ည ၁၁:၄၅ မိနစ်လောက်ရှိပြီ။ တယောက်နဲ့အထက်လို့ ပြောတယ်။ ဟိုရောက်တော့ တယောက်က သေဆုံးနေတယ်၊ တယောက်က သတိရသေးတယ်၊ အမျိုးသမီးက သတိရသေးတယ်။ သေဆုံးသူက လည်ပင်းတည့်တည့်မှာ ထိုးသွင်းဒဏ်ရာ ရထားတယ်။ အရှိုက်၊ ဗိုက်၊ ခေါင်းမှာ စုစုပေါင်း ၅ ချက်၊ ဒဏ်ရာရသူက ပေါင်မှာ ၁ ချက်၊ ဗိုက်မှာ ၂ ချက်ရတယ်။ ဓားက မီးဖိုချောင်သုံးဓား ၂ ချောင်းတွေ့တယ်။ အသွားက ၅ လက်မ၊ ၆ လက်မလောက်ပါပဲ။ အိမ်က အတွင်းက သော့ပိတ်ထားတော့ သေသွားတဲ့ အမျိုးသားကတော့ အပြင်ကို လှမ်းအကူအညီတောင်းတယ် ပြောတယ်။ ဘယ်လိုဖြစ်လဲဆိုတာ သေမှုသေခင်းကို ရဲက စစ်ဆေးနေပါတယ်။ အပြင်က လာလုပ်သွားတာလား၊ အချင်းချင်း ဖြစ်တာလား၊ မသိသေးပါဘူး” လို့ မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းက ဆိုပါတယ်။

သေဆုံးသွားသူနဲ့ ဒဏ်ရာရရှိသူ နှစ်ဦးစလုံးဟာ အသက် ၂၇ နှစ်အရွယ်ဖြစ်ကြပြီး အမျိုးသားဟာ ဓာတ်ပုံရိုက်ကူးရေးလုပ်ငန်း လုပ်ကိုင်ကာ အမျိုးသမီးဖြစ်သူက ဓာတ်ပုံမော်ဒယ် ဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ ( ရဲသူရိန် rescue)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024