DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် ပင်စင်စားဆရာမ အပါအဝင် ပြည်သူ ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီး
DVB
·
February 27, 2023
တနင်္သာရီတွင် ပင်စင်စားဆရာမ အပါအဝင် ပြည်သူ ၂၀ ကျော်ကို စစ်တပ်က ဖမ်းဆီး
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့‌ထဲမှာ စစ်ကောင်စီတပ်က နေအိမ်တွေကို အတင်းဝင်ရောက်ပြီး အငြိမ်းစားဆရာမအပါအဝင် မြို့ခံပြည်သူ အယောက် ၂ဝ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် ည ၉ နာရီလောက်မှာ တနင်္သာရီမြို့ထဲရှိ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်က‌ အင်အားအများအပြားနဲ့ အတင်းဝင်ရောက်ပြီး ပြည်သူ‌တွေရဲ့ ဖုန်းထဲက အချက်အလက်တွေကို စစ်ဆေးမေးမြန်းကာ သံသယရှိတယ်ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲမှာ အငြိမ်းစား ပင်စင်ယူထားတဲ့ ကျောင်းဆရာမ ၁ ဦး ပါဝင်တယ်လို့ သိရပြီး အသက်ကြီးသူတွေနဲ့ အမျိုးသမီးတချို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

“ညဘက်ကြီး အိမ်ကို အတင်းဖွင့်ခိုင်းပြီး ဖုန်းတွေစစ်တယ်၊ သူတို့လာဖမ်းတာက PDF တွေနဲ့ ပတ်သက်သူတွေ၊ ထောက်ပို့လုပ်နေတာမျိုးတွေ နိုင်ငံရေးလှုပ်ရှားနေတဲ့သူတွေဆိုပြီး သံသယရှိတဲ့လူတွေကို ဖမ်းခေါ်သွားတာပါ။ ကုန်စုံဆိုင်ပိုင်ရှင်တွေရော လူငယ်တွေရော လူကြီးပိုင်းတွေကိုပါ ဖမ်းသွားကြတယ်။ ဖုန်းထဲက နိုင်ငံရေးနဲ့ပတ်သက်ပြီး တခုခုတွေ့ရင်တော့ ဖမ်းခေါ်သွားတာပဲ” လို့ ဒေသခံပြည်သူတဦးက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပြည်သူတွေကို စစ်ကောင်စီလက်အောက်ခံ တနင်္သာရီမြို့ ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပြီး လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေးသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ ‌ဇန်နဝါရီလတုန်းကလည်း တနင်္သာရီမြို့ရှိ လဝကဦးစီးအရာရှိရုံး၊ စစ်ဆေးရေးဂိတ်တံတား၊ မြို့ပေါ်စရဖရုံးနဲ့ ရဲစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့ဟာ စစ်အုပ်ချုပ်ရေး သတ်မှတ်ခံထားရပြီးနောက် စစ်ရေးအရှိန် တင်းမာလာတဲ့မြို့ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ရက်ပိုင်းတွေက စစ်ကောင်စီတပ်တွေ မကြာခန တိုက်ခိုက်ခံရတာတွေ ရှိခဲ့တဲ့အတွက် ‌အခုလိုမျိုး ဒေသခံပြည်သူတွေကို သတင်းပေးသူတွေအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013