DVB Logo
Home
မြန်မာသတင်း
နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ အွန်လိုင်းကလျှောက်ထားမှု ရုတ်တရက် ရပ်ဆိုင်း
DVB
·
February 27, 2023
နိုင်ငံကူးလက်မှတ်ပတ်စ်ပို့ အွန်လိုင်းကလျှောက်ထားမှု ရုတ်တရက် ရပ်ဆိုင်း
Donate to DVB

ရန်ကုန်ရှိ မြန်မာနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ထုတ်ပေးရေးရုံးကနေ ပတ်စ်ပို့လျှောက်ထားဖို့ အွန်လိုင်းဘွတ်ကင် စနစ်အသစ်နဲ့  ဖေဖော်ဝါရီ ၂၄ ရက်မှာ စတင်ခွင့်ပြုပေးခဲ့ပြီး လျှောက်တဲ့သူ ၈,၅၂၉ ဦးရှိပြီးနောက် ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းမှာ ရုတ်တရက် ရပ်ဆိုင်းလိုက်ပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဝက်ဘ်ဆိုက်မှာတော့ Online Appointment System လိုအပ်ချက် အနည်းငယ်ရှိသွားတာကြောင့် ပြန်လည်မွမ်းမံမှုတွေ ပြုလုပ်မှာဖြစ်လို့ ရပ်နားတာလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်က ရေးသားဖော်ပြခဲ့ပါတယ်။

ဝန်ဆောင်မှု ပြန်ဖွင့်မယ့်ရက်ကိုတော့ ကြေညာသွားမယ်လို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ဝက်ဘ်ဆိုက်က ထုတ်ပြန်ထားပါတယ်။

ပတ်စ်ပို့ အွန်လိုင်းဘွတ်ကင်စနစ်သစ် စစဖွင့်ချင်း တရက်မှာပဲ လျှောက်တဲ့သူများတာကြောင့် ဝက်ဘ်ဆိုက်ဝင်ရတဲ့ အခက်အခဲတွေ ရှိခဲ့ကြောင်း ပတ်စ်ပို့ လျှောက်ထားသူတွေဆီက သိရပါတယ်။

လှိုင်မြို့နယ်မှ ပတ်စ်ပို့လျှောက်ထားသူတဦးက“လူတော်တော်များများက Passport system အသစ်ကို စောင့်နေတော့။ အကုန်လုံး စုပြုံပြီး ဝင်ကြမှာ။ ဒီတော့ ဝက်ဘ်ဆိုက်က လောလောဆယ် အဆင်ပြေမှာမဟုတ်ဘူး။ သိရသလောက် တချို့ဆို မဖွင့်ခင် ည ၁၂ လောက်ကတည်းက စမ်းဝင်နေကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ အရင် QR စနစ်နဲ့ တိုကင်ရယူစဉ်က ကြားခံပွဲစားတွေကြောင့် ပတ်စ်ပို့ ပြုလုပ်ခ စျေးနှုန်းတွေဟာ သိန်းဂဏန်းအထိ ပြင်ပပေါက်စျေး ရှိခဲ့ပါတယ်။

စစ်ကောင်စီက အွန်လိုင်းစနစ်သစ်ကို လွယ်ကူမြန်ဆန်အောင် လုပ်ထားတယ်ဆိုပေမဲ့ နည်းပညာအခက်အခဲနဲ့ လျှောက်တဲ့သူများတာကြောင့် ၃ ရက်အကြာမှာ အခုလို ရပ်ဆိုင်းသွားတာပါ။

စစ်တပ် အာဏာမသိမ်းခင် ပတ်စ်ပို့စာအုပ်ပြုလုပ်ခ ငွေကျပ် ၄၀,၀၀၀ ဝန်းကျင်သာ ရှိပေမဲ့ အာဏာသိမ်းပြီးနောက် ကန့်သတ်ထားတဲ့ QR စနစ်တွေနဲ့ စောင့်ဆိုင်းရတဲ့ အခြေအနေတွေကြောင့် ပတ်စ်ပို့ပြုလုပ်ခ ငွေကျပ် ၃ သိန်းကနေ ၅ သိန်း၊ ၁၀ သိန်းအထိ ပေါက်စျေးရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013