DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်အတွင်း တရားမဝင်လောင်းကစားမြို့သစ်တည်ဆောက်မှု ကေအန်ယူ လက်မခံ
DVB
·
February 27, 2023
ကရင်ပြည်နယ်အတွင်း တရားမဝင်လောင်းကစားမြို့သစ်တည်ဆောက်မှု ကေအန်ယူ လက်မခံ
Donate to DVB

ကေအန်ယူအနေနဲ့ ဘယ်လိုစီမံကိန်းမျိုးနဲ့မှ ပါဝင်ပတ်သက်ခြင်းမရှိသလို တရားမဝင် လောင်းကစားလုပ်ငန်းတွေနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေအပါအဝင် တခြားသော ရာဇဝတ်မှုတွေနဲ့ မကင်းတဲ့လုပ်ငန်းတွေကို ကရင်ပြည်နယ်အတွင်းမှာ လုပ်ကိုင်တာကို လက်မခံကြောင်း ထုတ်ပြန်ကြေညာပါတယ်။

ကရင်ပြည်နယ်၊ မောထိုတလေးနယ်မြေတွင်း တရားမဝင် လောင်းကစားလုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ မြို့သစ်တည်ဆောက်ရေးစီမံကိန်းတွေကို စီစဉ်အကောင်ထည်ဖော်ဆောင် ရွက်နေကြောင်း သတင်းထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး ကေအန်ယူက ဖေဖော်ဝါရီ ၂၆ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်တာပါ။

ဒါ့အပြင် ကေအန်ယူအဖွဲ့အစည်းဝင် တဦးတယောက်ကိုမှ ဒီလိုရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာမှာ ပါဝင်တာ၊ ထောက်ကူတာ စတာတွေဖြစ်စေတဲ့လုပ်ခွင့်ပေးမထားဘဲ ဒီ လုပ်ရပ်တွေကိုလည်း တားမြစ်ထားကြောင်း ထုတ်ပြန်ပါတယ်။

ကမ္ဘာဒီးယားနိုင်ငံကနေ တိမ်းရှောင်ထွက်ပြေးလာကြတဲ့ နိုင်ငံခြားသားရာဇဝတ်သားတွေက  ကရင်ပြည်နယ် မောထိုတလေးနယ်မြေမှာ တရားမဝင် လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ဖို့ မြို့သစ်တည်ဆောက်ရေး စီမံကိန်းတွေကို စီစဉ်ဆောင်ရွက်နေပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မောထိုတလေးနယ်မြေမှာရှိတဲ့ အဆိုပါ မြို့သစ်စီမံကိန်း အုတ်မြစ်ချပွဲ အခမ်းအနားကို ၂၀၂၀ ခု၊ ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ Huanya International Holding Group မှာ ပါဝင်တဲ့ Trans- Asia international Holding Group (Thailand)က ကရင်ဒေသခံကုမ္ပဏီ မုလအိအလင်း ကုမ္ပဏီလိမိတက်တို့အကြား လုပ်ငန်းစတင်နိုင်ရေးမြေငှားရမ်းစာချုပ် ချုပ်ဆိုခြင်းအဖြစ် ကနဦး နားလည်ထားပြီး စောရောဂျာခင်က ဒေသခံ မြေပိုင်ရှင်ပြည်သူလူထုကိုယ်စား အသိသက်သေအဖြစ် ကိုယ်စားပြုတက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ အဆိုအပါအခမ်းအနားမှာ ဒေသခံ ကုမ္ပဏီနဲ့ မြေပိုင်ရှင်ပြည်သူလူထုကို အသိပေးထားခြင်း မရှိတဲ့ ကေအန်ယူနဲ့ Huany အုပ်စုအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် လက်မှတ်ထိုးတာနဲ့ အုတ်မြစ်ချပွဲအခမ်းအနားကို ဆိုင်းဘုတ်တင်ထားခြင်းခံရတာကြောင့် ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မီတီအဖွဲ့ဝင်၊ ကာကွယ်ရေးဌာနဌာနမှူး စောရောဂျာခင်တို့အပေါ် ပြည်သူတွေက အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်လာစေတယ်လို့ ရှင်းလင်းထားပါတယ်။

ကရင့်မြေပေါ်မှာ  ရောက်ရှိလာတဲ့ ဘယ်လောင်းကစား လုပ်ငန်းတွေကိုမဆို ထူးခြား ဆိုးရွားပြင်ထားတဲ့ လူမှုဒုက္ခတွေကို ဆောင်ကြဉ်းပေးဖို့ရှိတဲ့အပြင် ဒေသတွင်း ရာဇဝတ်မှု ဖြစ်ပွားမှုနှုန်းကို တိုးတက်စေနိုင်ဖို့ ကရင်ပြည်နယ်အတွင်း တရားမဝင် ရာဇဝတ်မှုလုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတဲ့ လောင်းကစားလုပ်ငန်းတွေ ပပျောက်‌ရေး လိုလားကြောင်းလည်း ကေအန်ယူရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါ့အပြင် ကေအန်ယူအနေနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ သော်လည်းကောင်း၊ တခြားဘယ်အဖွဲ့အစည်းတွေနဲ့မဆို တက်ကြွစွာပူးပေါင်းကာ ကရင်ပြည်နယ်နဲ့ ဒေသအတွင်း တရားမဝင် ရာဇဝတ်မှုလုပ်ငန်းတွေ၊ လောင်းကစား လုပ်ငန်းတွေ လျော့နည်း ပပျောက်ရေးနဲ့  ဒီမိုကရေစီဖက်ဒရယ်နိုင်ငံထူထောင်ရေး၊ တရားဥပဒေစိုးမိုရေးတို့အတွက် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း  ထုတ်ပြန်ထားပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013