DVB Logo
Home
ဘောလုံး
ဖလားအများကြီးထပ်ယူချင်ကြောင်း မန်ယူကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ပြော
DVB
·
February 27, 2023
ဖလားအများကြီးထပ်ယူချင်ကြောင်း  မန်ယူကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ပြော
Donate to DVB

မန်ယူနိုက်တက်အသင်းအတွက် ဖလားတစ်လုံးတည်းနဲ့ မလုံလောက်တာကြောင့် အများကြီးထပ်ပြီး ရယူသွားချင်ကြောင်း ကွင်းလယ်လူ ဖာနန်ဒက်စ်ကပြောသွားပါတယ်။

မန်ယူအသင်းဟာ မနေ့ညက လိဂ်ဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ နယူးကာဆယ်ကို ၂ ဂိုးဂိုးမရှိနဲ့ အနိုင်ယူပြီး ၆ နှစ်တာကာလအတွင်းမှာ ပထမဆုံးဆုဖလားအဖြစ် ကာရာဘောင်ဖလားချန်ပီယံဆုရယူနိုင်ခဲ့တာပါ။

မန်ယူအသင်းဟာ ဆုဖလားတွေအများကြီးနဲ့ ထိုက်တန်တဲ့အသင်းဖြစ်တာကြောင့် ဆုဖလားတစ်လုံးတည်းနဲ့ မလုံလောက်ကြောင်း၊ အသင်းရဲ့ အဆင့်အတန်းနဲ့ တောင်းဆိုမှုအရ နောက်ထပ်ဆုဖလားတွေထပ်ပြီးရယူချင်ကြောင်း ဗိုလ်လုပွဲ အပြီးမှာ ဖာနန်ဒက်စ်ကပြောပါတယ်။ 

ဆုဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့  ၆ နှစ်တာကာလအတွင်းမှာ ပထမဆုံးဆုဖလားရယူနိုင်ခဲ့တာကတော့ ကျေနပ်စရာဖြစ်ပြီး ထိုက်တန်တဲ့ရလဒ်လည်းဖြစ်ကြောင်း ဖာနန်ဒက်စ်ကပြော သွားပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၇ ခုနှစ်က နည်းပြမော်ရင်ညိုလက်ထက်မှာ ယူရိုပါလိဂ် ဖလားရယူခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဆုဖလားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013