DVB Logo
Home
မြန်မာသတင်း
အကသ ဥက္ကဋ္ဌဟောင်း ကျဆုံးခြင်းတနှစ်ပြည့် အခမ်းအနား မဲဆောက်တွင် ပြုလုပ်
DVB
·
February 26, 2023
အကသ ဥက္ကဋ္ဌဟောင်း ကျဆုံးခြင်းတနှစ်ပြည့် အခမ်းအနား မဲဆောက်တွင် ပြုလုပ်
Donate to DVB

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးသွားတဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ(အကသ) ဥက္ကဋ္ဌဟောင်း ကိုညီမင်းသူ ကျဆုံးတဲ့ တနှစ်ပြည့် အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်  မဲဆောက်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခု ဖေဖော်ဝါရီ  ၂၅ ရက်က ရန်ကုန်မြို့မှာ စစ်အာဏာရှင်ကို အံတုပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသခဲ့ကြတဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုညီမင်းသူကို စစ်ကောင်စီတပ်တွေက ရက်ရက်စက်စက် သေနတ်နဲ့ ပစ်သတ်သွားခဲ့ပါတယ်။

တိုင်းပြည်အတွက် အသက်ပေးဆပ်ခဲ့တဲ့ လူငယ်ခေါင်းဆောင် တယောက်အတွက် သူကျဆုံးခဲ့တဲ့ တနှစ်ပြည့် အလေးပြု ဂုဏ်ပြုပွဲတခုကို မဲဆောက်မြို့မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

အဲ့ဒီအလေးပြုအခမ်းအနားမှာ အခြေခံပညာကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်းကို စစ်ကောင်စီတပ်တွေက ဟန်ငြိမ်းဦးရဲ့ သတင်းပေးမှုကြောင့် သူတို့အုပ်စုနေနေတဲ့နေရာကို ၀င်စီးပြီး သေနတ်နဲ့ အသေပစ်သတ်ခဲ့တာကြောင့် နောက်ကျောနဲ့ ခေါင်းတွေမှာ ကျည်သင့် ကျဆုံးသွားခဲ့တာဖြစ်ပြီး၊ အလောင်းကိုလည်း ပြန်မရခဲ့တာကြောင့် သင်္ဂြိုဟ်ခွင့်လည်း မရရှိခဲ့ဘူးလို့ လက်ရှိ အခြေခံပညာကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ သွန်းသီရိသူ က ရှင်းပြပါတယ်။

ညီမင်းသူရဲ့ ဖခင်ဖြစ်သူက “ညီမင်းသူက အဲ့ဒီတော်လှန်ရေးကာလ တလျှောက်လုံးမှာ ဆန္ဒပြပွဲတွေကို ဦးဆောင်ရင်း သူ့လိုလူငယ်တွေအများစုကို စည်းရုံးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ညီမင်းသူ အသက်သေသွားခဲ့ပေမဲ့ သူစည်းရုံးခဲ့တဲ့ လူငယ်တွေကတော့ သူလို့ပဲ အခုထိ ဆက်လက်ရှင်သန်တိုက်ပွဲ၀င်နေစဲပဲ ဖြစ်တာကြောင့် ညီမင်းသူက တကယ်သေသွားတာ မဟုတ်ကြောင်း၊ သူကအမြဲရှင်သန်နေဆဲပဲ ဖြစ်ကြောင်းနဲ့ ဂုဏ်ယူကြောင်း” ပြောသွားခဲ့ပါတယ်။

ညီမင်းသူက အစ္စလာမ်ဘာသာဝင်တယောက် ဖြစ်ပေမဲ့ သူ့အလောင်းကို ဘာသာရေးအခမ်းအနား နဲ့ သင်္ဂြိုဟ်ခွင့်မရရှိခဲ့ပါဘူး။ 

ဒါကြောင့် ဒီနေ့အခမ်းအနားကို နေ့ခင်းဘက်မှာ အစ္စလာမ်ဘာသာရေး ဓလေ့အတိုင်း ပြုလုပ်ခဲ့ပြီး ညနေဘက်မှာတော့ မဲဆောက်မြို့၊ လွတ်လပ်ရေးကဖေးမှာ နိုင်ငံရေးပုံစံနဲ့ အောက်မေ့ ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ပြီး၊ သ၀ဏ်လွှာဖတ်ကြားတာ၊ အောက်မေ့ဘွယ်တွေပြောကြတာ၊ တော်လှန်ရေးကဗျာတွေ  ရွတ်ဆိုကြတာတွေ ပြုလုပ်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013