DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ရိက္ခာပို့သည့် ရဟတ်ယာဥ် ၁ စီးကို ကရင်နီတပ်က ပစ်ခတ်
DVB
·
February 26, 2023
စစ်ကောင်စီတပ်ရိက္ခာပို့သည့် ရဟတ်ယာဥ် ၁ စီးကို ကရင်နီတပ်က ပစ်ခတ်
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ကရင်နီ (ကယားပြည်နယ်) BP-12 အနီးက စစ်ကောင်စီတပ် စခန်းချ တပ်စွဲထားတဲ့ ဟွေခမောက်စခန်း (ပွိုင့်-၁၄၄၁) ကို ရိက္ခာပို့လာတဲ့ စစ်ရဟတ်ယာဥ်တစ်စင်း  ပစ်ခတ်ခဲ့တာကြောင့် နောက်ကြောင်းပြန်လှည့်သွားရတယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၃ နာရီလောက်မှာ ဟွေခမောက်စခန်းအတွက် ရိက္ခာပို့ ပျံသန်းလာတဲ့ ရဟတ်ယာဥ်တစ်စင်းကို ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်းက မြေပြင်ကနေ ပစ်ခတ်ခဲ့ရာ ဆက်မသွားနိုင်တော့ဘဲ နောက်ကြောင်းပြန်လှည့်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဆိုပါ ရဟတ်ယာဥ် ပြန်လှည့်သွားပြီးတော့ ညနေ ၄ နာရီကျော်လောက်မှာ စစ်ကောင်စီ ဂျက်လေယာဥ် ၂ စင်းနဲ့ ဟွေခမောက်တောင်ကုန်းဝန်းကျင်တဝိုက်ကို ပထမအကြိမ်ပတ်ခတ်ခဲ့ပြီး ညနေ ၄ နာရီ ခွဲမှာ စစ်ကောင်စီ ဂျက်လေယာဥ် ၂ စီးနဲ့ စုစုပေါင်း ၄ ကြိမ် လာရောက် ပစ်ခတ်ခဲ့ပြီး ကရင်နီ တပ်မတော်ဘက်က  ဒဏ်ရာရ၊ကျဆုံးမရှိဘူးလို့သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကလည်း ဖားဆောင်းမြို့ အခြေစိုက် ခလရ(၁၃၅) ကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်းကိုလည်း ကရင်နီတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေ ဖြတ်တောက်တိုက်ခိုက်ခဲ့လို့ ယခုအကြိမ်မှာ ရဟတ်ယာဥ်နဲ့ ရိက္ခာပို့ဆောင်တာလို့ ကရင်နီဘက်က ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်တွေဟာ ရှမ်း-ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်း  မိုးဗြဲ၊ ဖယ်ခုံ စတဲ့နေရာတွေကို စစ်ကြောင်းထိုးဝင်ရောက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013