DVB Logo
Home
မြန်မာသတင်း
လွိုင်လင်လေးမြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ဖွဲ့များ စစ်ရေးတင်းမာနေ
DVB
·
June 28, 2022
လွိုင်လင်လေးမြို့တွင် စစ်ကောင်စီတပ်နှင့် ကရင်နီတပ်ဖွဲ့များ စစ်ရေးတင်းမာနေ
Donate to DVB

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြား ပြီးခဲ့ရက်ပိုင်းကစ စစ်ရေးတင်းမာနေပြီး ဇွန် ၂၈ ရက်နေ့ ဒီနေ့ မနက်ပိုင်းမှာတော့ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်တပ်က လွိုင်လင်လေးဘက်ကို စစ်ကြောင်းထိုးလာတာ နှစ်ရက်ရှိပြီ။ ပြီးခဲ့တဲ့ရက်ကတော့ လက်နက်ကြီး နှစ်ချက် သုံးချက်နဲ့ လက်နက်ငယ်အသံအနည်းငယ်ထွက်တယ်၊ ဒီကနေ့တော့ လက် နက်ကြီးငယ် ပစ်ခတ်သံကြားတာ ပိုများတယ” လို့ ဒေသခံတဦးက ပြောပါတယ်။

လွိုင်လင်လေးမြို့ဘက်ကို စစ်ကောင်စီတပ်က အခုလို စစ်ကြောင်းထိုးတာဟာ စစ်ကောင်စီလက် အောက်ခံ လွိုင်လင်လေး အခြေခံပညာအထက်တန်းကျောင်းက Non CDM ဆရာ/ဆရာမ ၆ ဦးကို ဇွန် ၂၄ ရက်နေ့က ကရင်နီပြည်ရဲတပ်ဖွဲ့ (KSP)နဲ့ ကရင်နီအမျိုးသားကာကွယ်ရေတပ် (KNDF) တပ်ရင်း- (၁၂) တို့ ပူးပေါင်းပြီး ဖမ်းဆီးစစ်ဆေးနေတာကြောင့် ​ဖြစ်နိုင်တယ်လို့ ဒေသခံတချို့က ဆိုပါတယ်။

“လွိုင်လင်လေး အ.ထ.က ကျောင်းက Non CDM ဆရာ/ဆရာမ (၆)ယောက်ကို KSPနဲ့ KNDFက ဖမ်းဆီးစစ်ဆေးနေတာရှိတယ်။ KSP ကလည်း သူတို့ ခေါ်ယူစစ်ဆေးနေတယ်လို့ တရားဝင်ထုတ်ပြန်ထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်တပ်က လွိုင်လင်လေးဘက်ကို စစ်ကြောင်းထိုးလာတာပြီး ပစ်ခတ်မှုတွေ ဖြစ်နိုင်တယ်လို့ ကျနော်ထင်တယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေဟာ အထက်တန်းပြ ဆရာမဒေါ်နန်း၊ အလယ်တန်းပြဆရာမ ဒေါ် ခင်သန်း၊ ဒေါ်စုလေးငယ်၊ ဒေါ်မြထွေး၊ မူလတန်းပြဆရာ ဦးအောင်ဇော်ထွေး၊ ဦးကောင်းဇေယျာငြိမ်းနဲ့ ဦးအောင်ဇော်ထွေးတို့ ဖြစ်တယ်လို့ သိရပါတယ်။

လွိုင်လင်လေးမြို့ဟာ လွိုင်ကော်- ဆီဆိုင်- တောင်ကြီးသွားကားလမ်းမကြီး နံဘေးမှာတည်ရှိပြီး စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်ရင်း ၁ ရင်းရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒေသခံကာကွယ်ရေးတပ်တွေက လွိုင်လင်လေးမြို့ရဲတပ်ဖွဲ့စခန်းကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ဖျက်ဆီးခဲ့တာကြောင့် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံး အားလုံးပိတ်သိမ်းထားရပါတယ်။

လွိုင်လင်လေးမြို့မှာ ကရင်နီတပ်မတော် KA၊ KNDF နဲ့ PDF တပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားနေပါတယ်။

ကယား(ကရင်နီ)ပြည်နယ်အတွင်းက မြို့ပေါ်မှာသာ စစ်ကောင်စီလက်အောက်ခံ အခြေခံပညာရေးကျောင်းတချို့ ဖွင့်လှစ်နိုင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်တဲ့ စာသင်ကျောင်းတွေမှာတော့ တက်ရောက်တဲ့ ကျောင်းသူ/သားဟာ စစ်ကောင်စီဖွင့်တဲ့ ကျောင်းတွေထက် ပိုမိုများပြားနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013