DVB Logo
Home
မြန်မာသတင်း
CDM သူနာပြုဆရာမကို စစ်တပ်က မသတ်ခင်အဓမ္မပြုကျင့်ခဲ့ဟု အုတ်ဖို PDF ပြော
DVB
·
February 25, 2023
CDM သူနာပြုဆရာမကို စစ်တပ်က မသတ်ခင်အဓမ္မပြုကျင့်ခဲ့ဟု အုတ်ဖို PDF ပြော
1 / 2
Donate to DVB

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်မှာ CDM သူနာပြုဆရာမတယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မသတ်ခင်မှာ အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေနဲ့ အလောင်းပြန်တွေ့ခဲ့တယ်လို့ အုတ်ဖို PDF အဖွဲ့က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်က အုတ်ဖိုမြို့နယ်မှာ CDM သူနာပြုဆရာမတယောက်ကို စစ်ကောင်စီတပ်တွေက တောစပ်တနေရာမှာ သတ်ဖြတ်ခဲ့တာဖြစ်ပြီး အလောင်းပြန်မတွေ့လို့  PDF တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းအရှေ့ဘက်၊ တောစပ်မှာအလောင်းကို ပြန်ရှာတွေ့ခဲ့တယ်လို့ အုတ်ဖို PDF  အဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

''သူတို့က မသတ်ခင်ကို ဝိုင်း  Rape လုပ်ခဲ့တာ၊ အင်္ကျီနဲ့ ထမိန်စကပ်တွေမှာ အထောက်အထားတွေ့ရတယ်။ ပတ်၀န်းကျင် မလှမ်းမကမ်းမှာ စိုက်ခင်း တချို့တော့ရှိတယ်။ အဲ့ဒိစိုက်ခင်းက လူတွေက ဘယ်သူတွေလုပ်သွားတယ်ဆိုတာကို သိကြတယ်။ ဒါပေမဲ့ ဘယ်သူမှ နာမည်မပြောရဲကြဘူး။ လက်ရှိ စစ်ကောင်စီတပ်က သူတို့ရွာမှာ တပ်စွဲထားတုန်း၊ Rape လုပ်တဲ့အထဲမှာ ပျူတွေလည်း ပါတယ်လို့တော့ ပြောတယ်။''

သူနာပြုဆရာမဟာ အုတ်ဖိုမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာအုပ်စု၊ ကျပ်ကွင်းကျေးရွာမှာ နေထိုင်သူဖြစ်ပြီး သူ့အမျိုးသားကကတော့ သူတို့ လက်ထပ်ပြီး ၃ လအကြာမှာ ဆန္ဒပြရာမှာပါဝင်ခဲ့မှုနဲ့  စစ်ကောင်စီက ဖမ်းမိသွားပြီးအခုထိ သာယာ၀တီထောင်ထဲမှာ  ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ် ၃ နှစ်ချခံထားရပါတယ်။

သူနာပြုဆရာမဟာ ဇန်နဝါရီ ၂၉ ရက်နေ့က PDF စခန်းတခုမှာ သွားရောက် မီးဖွားပေးပြီးအပြန်မှာ အဖမ်းခံလိုက်ရကာ သူနဲ့အတူ လုံခြုံရေးထည့်ပေးလိုက်တဲ့  ရဲဘော် ၂ ယောက်ဟာလည်း ပစ်သတ်ခံလိုက်ရပါတယ်။

ဆရာမကိုတော့ စစ်ကြောရေးမှာ ၁၀ ရက်ကျော် အစစ်ဆေးခံရပြီး၊ PDF စခန်းကို လိုက်ပြပေးဖို့ စစ်တပ်က ခေါ်သွားပြီး စခန်းပြပေပေးဖို့ ငြင်းဆန်ခဲ့တာကြောင့် တောစပ်ကိုခေါ်ပြီး အဓမ္မပြုကျင့်ကာ ပစ်သတ်ခဲ့တာလို့ မိသားစုကပြောပါတယ်။

မိသားစုဝင်တယောက်က “တကယ်တော့ သူက PDF လည်း မဟုတ်ဘူး၊ တောထဲနေတဲ့သူလည်း မဟုတ်ဘူး။ လတ်တလော CDM လုပ်ပြီးတိမ်းရှောင်နေတာ။ အခုက တောင်ပေါ်က PDF စခန်းမှာ စစ်ဘေးရှောင်နေတဲ့အထဲမှာ ကိုယ်၀န်သည် တယောက်ပါလာပြီး မီးဖွားဖို့ လိုအပ်တာကြောင့် သူ့ကို သွားခေါ်ရတာ။ အဲ့ဒါအပြန်မှာလမ်းမှာ မိသွားတာ။ အဲ့ဒါကို သူသွားခဲ့တဲ့ PDF စခန်းနေရာကို လိုက်ပြခိုင်းတာကို မပြတဲ့အတွက် အခုလို ရက်ရက်ဆက်ဆက် မုဒိမ်းကျင့်ပြီး သတ်လိုက်တာ” လို့ ပြောပါတယ်။

သူနာပြုဆရာမကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်တွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။ 

CDM သူနာပြုဆရာမရဲ့ အလောင်းကို ဖေဖော်ဝါရီ  ၂၃ ရက်က ထန်းပင်ကုန်းရွာအလွန် ၆  မိုင်အကွာလောက်အကွာ၊ တောထဲက ချောက်ကမ်းပါးတခုထဲ လွှင့်ပစ်ထားတာကို ပြန်ရှာတွေ့ခဲ့တာဖြစ်ပြီး အုတ်ဖို PDF ကပဲ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013