DVB Logo
Home
မြန်မာသတင်း
အိန္ဒိယ၊ မဏိပူရပြည်နယ်ထဲကို မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်မှုပိုများလာ
DVB
·
February 25, 2023
အိန္ဒိယ၊ မဏိပူရပြည်နယ်ထဲကို  မြန်မာနိုင်ငံသားများ တရားမဝင် ဝင်ရောက်မှုပိုများလာ
Donate to DVB

အိန္ဒိယနယ်စပ် မဏိပူရပြည်နယ်ထဲမှာ တရားမဝင်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား ၃၉၃ ဦးရှိတယ်လို့  မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရန်ဆင်းဂ်က  ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ၁၂ ကြိမ်မြောက် မဏိပူရပြည်နယ်လွှတ်တော်အစည်းအဝေးမှာ မေးခွန်းတွေကိုဖြေကြားရင်း ပြောပါတယ်။

တရားမဝင် ဝင်ရောက်ခဲ့သူ မြန်မာနိုင်ငံသား  ၃၉၃ ဦးမှာ ၁ ဦးကိုတော့ မြန်မာနိုင်ငံဘက် ပြန်ပို့ခဲ့တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၁၀၇ ဦးကိုတော့ တရားစွဲဆိုကာ အချုပ်ထောင်မှာ ထိန်းသိမ်းထားပြီး ၁၀၅ ဦးကို ထိန်းသိမ်းရေးစခန်းတွေမှာ ထိန်းသိမ်းထားကာ နောက်ထပ် ၁၈၀ ကိုတော့ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့ မဏိပူရ လွှတ်တော်မှာ ဝန်ကြီးချုပ်က ဖြေကြားခဲ့ပါတယ်။

အဆိုပါ မြန်မာနိုင်ငံသား ၃၉၃ ဦးကို တရားမဝင် ဝင်ရောက်ခဲ့ကြသူတွေအဖြစ် သတ်မှတ်အတည်ပြုနိုင်ခဲ့ပေမဲ့ အတည်မပြုရသေးတဲ့ တရားမဝင်နေထိုင်နေသူတွေအဖြစ် သံသယရှိသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ 

အဲဒီလို အတည်ပြုသတ်မှတ်နိုင်ရေးရည်ရွယ်ချက်နဲ့ ဇီဝမှတ်တမ်းစနစ်နဲ့ မှတ်ပုံတင်ခြင်းကို ခရိုင် ၅ ခုမှာ တစ်အိမ်တက်ဆင်း လိုက်လံကောက်ခံနေတယ် ဝန်ကြီးချုပ်က ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့ ၂၀၂၂ နဲ့ ၂၀၂၃ ကြားမှာ မြန်မာနိုင်ငံကနေ မဏိပူရ ပြည်နယ်ထဲကို တရားမဝင် ဝင်ရောက်ခဲ့သူ ၂၁၀ ရှိတယ်လို့ ဆိုပါတယ်။

အိန္ဒိယမှာ ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ သဘောတူညီချက် လက်မှတ်ထိုးဖို့ လိုအပ်နေတာကြောင့် တရားမဝင် ဝင်ရောက်လာသူတွေကို ထားရှိဖို့ ထိန်းသိမ်းရေးစခန်းတွေ မဏိပူရမှာ ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

နယ်စပ်တစ်လျှောက်မှာ အာသံရိုင်ဖယ် တပ်ဖွဲ့တွေကို တာဝန်ချထားပေမဲ့ သူတို့ဟာ သောင်းကျန်းသူတွေကို တာဝန်ယူထိန်းသိမ်းနေရတာကြောင့် လုံခြုံရေးနဲ့ တရားမဝင် ဝင်ရောက်လာသူတွေကို စစ်ဆေးထိန်းသိမ်းဖို့ နောက်ထပ် ရဲစခန်း ၃၄ ခုကို ပြည်နယ်အစိုးရက ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံက မတည်ငြိမ်မှုတွေကြောင့် တရားမဝင် ဝင်ရောက်မှုတွေဟာ ရပ်တန့်သွားဖို့ မရှိသေးဘူးလို့ ယူဆပြီး နောက်ထပ်ထိန်းသိမ်းရေးစခန်းတွေ ဖွင့်လှစ်ထားတယ်လို့ အိန္ဒိယနယ်စပ် မဏိပူအခြေစိုက်  Imphal Free Press သတင်းမှာဖော်ပြပါတယ်။

Ref:IFP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013