DVB Logo
Home
မြန်မာသတင်း
ချီဖွေ-‌ဆော့လော်လမ်းတလျှောက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက ဆက်ကြေးတောင်း
DVB
·
February 24, 2023
ချီဖွေ-‌ဆော့လော်လမ်းတလျှောက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက ဆက်ကြေးတောင်း
Donate to DVB

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ချီဖွေမြို့ကနေ ဆော့လော်မြို့သွားရာ လမ်းတလျှောက်မှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ချထားပြီး ငွေကြေး အဆမတန် ကောက်ခံနေတယ်လို့ ခရီးသည်တင် မော်တော်ယာဉ် မောင်းနှင်သူတွေက ပြောပါတယ်။

ခရီးသည်တင် ယာဉ်မောင်းတဦးက “အရင်က ချီဖွေနဲ့ ဆော့လော်ကြား စစ်ဆေးရေးဂိတ် သိပ်မရှိဘူး။ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းမှပဲ လုံခြုံရေးအကြောင်းပြ ဂိတ်ထိုင်ပြီး ငွေတောင်းနေတာ။ ဂိတ်ကြေးကလည်း မနည်းဘူး၊ တရုတ်ငွေနဲ့ပေးရတာ။ မပေးဘဲ ကျော်သွားရင် သေနတ်လှမ်းဖောက်ပြီး ကျည်ဆန်ဖိုးပါ တောင်းသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ စစ်ဆေးရေးဂိတ်တွေမှာ တဂိတ်ကို တရုတ်ယွမ် ၃၀၀ (မြန်မာငွေ ၁၂၀,၀၀၀ ကျပ်) ကနေ ယာဉ်အနေအထားပေါ်မူတည်ပြီး တရုတ်ယွမ် ၆၀၀ (မြန်မာငွေ ၂၄၀,၀၀၀ ကျပ်) ထိ ပေးဆောင်နေရပြီး ဂိတ်ကြေးမပေးဘဲ ကျော်သွားတဲ့ မော်တော်ယာဉ်တွေကို သေနတ်ဖောက် ခြိမ်းခြောက်ကာ ကျည်ဆန်ဖိုး ထပ်မံတောင်းယူပါတယ်။

တခြားမော်တော်ယာဉ်မောင်းတဦးကလည်း “ချီဖွေကနေ ဆော့လော်လမ်းတလျှောက် ပြည်သူ့စစ်ဂိတ်တွေကို ဂိတ်ကြေးပေးရတာတင်ပဲ ယွမ် ၃,၀၀၀ လောက်ကုန်တယ်။ မပေးဘဲ ကျော်သွားရင် သေနတ်လှမ်းဖောက်တယ်။ တချက်အတွက် ကျည်ဖိုး မြန်မာငွေ ၅,၀၀၀ ထပ်ပေးရတယ်” လို့ ပြောပါတယ်။

အရင်က ချီဖွေ-ဆော့လော် လမ်းတလျှောက်မှာ စစ်ဆေးရေးဂိတ် နှစ်ခုသာရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ လုံခြုံရေးအကြောင်းပြပြီး စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်အဖွဲ့ဖြစ်တဲ့ NDAK လက်အောက်ခံ ဦးလဂွေဘောမ်လန်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ စစ်ဆေးရေးဂိတ် ၁၀ ခုထက်မနည်း ဖွင့်လှစ်ပြီး ငွေကြေး ကေက်ခံနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013