DVB Logo
Home
မြန်မာသတင်း
မအူပင်မြို့တွင် စစ်မှုထမ်းဟောင်းများကို နေ့စားခ ကျပ် ၁၀,၀၀၀ ပေးပြီး ကင်းစောင့်ခိုင်းနေ
DVB
·
February 24, 2023
မအူပင်မြို့တွင် စစ်မှုထမ်းဟောင်းများကို နေ့စားခ ကျပ် ၁၀,၀၀၀ ပေးပြီး ကင်းစောင့်ခိုင်းနေ
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ လုံခြုံရေးအတွက် စစ်ကောင်စီတပ်က စစ်မှုထမ်းဟောင်းတွေကို နေ့စားခ ကျပ် ၁၀၀၀၀ ပေးပြီး ကင်းစောင့်ခိုင်းနေတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

မြို့ပေါ်လုံခြုံရေးကင်းစောင့်ရတဲ့နေရာတွေနဲ့ ယာဉ်စစ်ဆေးတဲ့နေရာတွေမှာ စစ်ကောင်စီတပ်က သက်ပြည့် ပင်စင်ယူပြီထွက်လာတဲ့ စစ်မှုထမ်းဟောင်းတွေကို နေ့စားခပေးပြီး ပြန်ခေါ်အသုံးပြုနေတာလို့ ဒေသခံတွေက ပြောပါတယ်။

မအူပင်မြို့ခံတဦးက “ နေ့စားခ တသောင်းပေးတယ်လို့ ကြားတယ်၊ လမ်းထဲက အဖိုးကြီးပြောတာ၊ သူကတပ်က ထွက်လာတဲ့သူ အာဏာမသိမ်းခင်ကတည်းက တပ်ကထွက်လာတာ၊ အဲ့အဖိုးကြီးကို ခုယူနီဖောင်းပြန်ထုတ်ပေးပြီး နေ့စားခနဲ့ပေးခိုင်းထားတာ”လို့ ပြောပါတယ်။

စစ်မှုထမ်းဟောင်းဝန်ထမ်းတွေကို မနက် ၈ နာရီကနေ ည ၈ နာရီအထိ ခေါ်ယူအသုံးပြုလေ့ရှိပြီး တခါတလေ ညဘက် လှည့်ကင်းထွက်တာတွေနဲ့ ဧည့်စာရင်းစစ်တာတွေမှာပါ အသုံးပြုလေ့ရှိတယ်လို့ ဆိုပါတယ်။

မအူပင်မြို့မှာ စစ်ကောင်စီတပ်က စစ်မှုထမ်းဟောင်းဝန်ထမ်းတွေကို နေ့စားခပေးပြီး ကင်းစောင့်ခိုင်းတဲ့အပြင် အရန်မီးသတ်တွေနဲ့ သတင်းပေးတွေကိုလည်း လုံခြုံရေးစောင့်ဖို့နဲ့ စစ်ဆေးရေးဂိတ်တွေမှာ အသုံးပြုနေရပါတယ်။

ခုလိုမျိုး စစ်ကောင်စီတပ်က စစ်မှုထမ်းဟောင်းတွေ၊ အရန်မီးသတ်တွေနဲ့ သတင်းပေးတွေကို လုံခြုံရေးစောင့်တာနဲ့ ဧည့်စာရင်းစစ်တဲ့နေရာတွေမှာ အသုံးပြုလာတာဟာ စစ်ကောင်စီတပ်ရဲ့ အင်အား မြို့ပေါ်မှာ လျော့နည်းလာတာမျိုးဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဝင်ဟောင်းတွေက သုံးသပ်ပြောဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013