DVB Logo
Home
မြန်မာသတင်း
နတခ တပ်တွင်းသတင်းပေါက်ကြားမှုဖြင့် စစ်မှုထမ်းဟောင်း မိသားစုဝင် ၄ ဦး ဖမ်းဆီးခံရ
DVB
·
May 19, 2026
Photo: တပ်နှင့်နီးစပ်သူတဦး
Photo: တပ်နှင့်နီးစပ်သူတဦး
Donate to DVB

ဧရာဝတီတိုင်း ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) မှာ တပ်တွင်း သတင်း တွေ ပေါက်ကြားမှုနဲ့ စစ်မှုထမ်းဟောင်း မိသားစုဝင် ၄ ယောက်ကို စစ်အာဏာရှင်တပ်က ပြန်လည် ဖမ်းဆီးထားတယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မေလ ဒုတိယအပတ်က ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) တပ်ဝန်းထဲ မှာ နေထိုင်တဲ့ စစ်မှုထမ်းဟောင်း အရာခံဗိုလ်ရဲ့ သားတယောက် အပါအဝင် ၄ ယောက်ကို တပ် အတွင်းသတင်း အပြင်ပေါက်ကြားမှုနဲ့ စွပ်စွဲကာ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးထားတာလို့ ဆိုပါတယ်။

တပ်နဲ့နီးစပ်သူတယောက်က “တပ်လိုင်းခန်းထဲမှာနေတဲ့ စစ်မှုထမ်းဟောင်း မိသားစုဝင်တွေထဲက သတင်းပေါက်ကြားမှုနဲ့ ဖမ်းခဲ့တာ။ ပြင်ပကို အတွင်းသတင်းတွေ ပေးတယ်ဆိုပြီး စွပ်စွဲဖမ်းခဲ့တာ။ ဘယ်သတင်းကြောင့် ဆိုတာတော့ မသိဘူး” လို့ ပြောပါတယ်။

တပ်တွင်းသတင်းပေါက်ကြားမှုနဲ့ စစ်မှုထမ်းဟောင်း မိသားစုထဲက အမျိုးသမီးတယောက်၊ အမျိုးသား ၃ ယောက်ကို စစ်အာဏာရှင်တပ်ရဲ့ စရဖက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ပုသိမ်(နတခ)တပ်တွင်းသတင်း ပေါက်ကြားမှုနဲ့ စစ်မှုထမ်းဟောင်း မိသားစုဝင် ၄ ယောက် ဖမ်းဆီး ခံရတာနဲ့ ပတ်သက်လို့ တပ်တွင်း ခွဲခြားဆက်ဆံခံရမှုတွေ ရှိနေတယ်ဆိုကာ တပ်တွင်း မကျေနပ်မှု တွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013