DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြို့တွင် ဆန်နှင့် စက်သုံးဆီဈေး အဆမတန်မြင့်တက်လာပြီး ဝယ်မရဖြစ်နေ
DVB
·
February 24, 2023
ဖားကန့်မြို့တွင် ဆန်နှင့် စက်သုံးဆီဈေး အဆမတန်မြင့်တက်လာပြီး ဝယ်မရဖြစ်နေ
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ ဖေဖော်ဝါရီလ တတိယပတ်ကစလို့ ဆန်နဲ့ စက်သုံးဆီဈေး အဆမတန် မြင့်တက်လာပြီး ဝယ်မရတဲ့အထိ ပြတ်လပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ်ကို ဆန်နဲ့ စက်သုံးဆီတင်ပို့တဲ့ ကုန်တင်ကားတွေကို ဖေဖော်ဝါရီလ ၉ ရက်နေ့က စတင်ပြီး နန့်ယားစစ်ဆေးရေးဂိတ်မှာ ဖြတ်သန်းခွင့်မပေးတော့တာကြောင့် ခုလိုမျိုး ဈေးတွေမြင့်တက်လာပြီး ပစ္စည်းပြတ်လပ်သလိုဖြစ်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက“အဓိက ပစ္စည်းမဝင်တော့ ဆိုင်တွေကလည်း အခံရှိတာတွေကို ဈေးတင်ပြီး ချွေရောင်းနေတဲ့ သဘောဖြစ်နေတာ၊ လမ်းမှာအပိတ်ခံထားရတာ ကားတွေလမ်းမှာရောက်နေတာကြာပြီ၊ ဘာလို့တင်ပို့ခွင့်မပေးတာလဲ မသိသေးဘူး၊ လောလောဆယ်တော့ ပေါ်ဆန်း ၁ အိတ်ကို ၁ သိန်းနီးပါတက်နေပြီ”လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်ကို ဆန်နဲ့ စက်သုံးဆီတင်ပို့ခွင့်ကို စစ်ကောင်စီခန့် နယ်စပ်ရေးရာဝန်ကြီး အမိန့်နဲ့တားမြစ်ထားတာလို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေက ပြောပါတယ်။

ဆန်နဲ့ စက်သုံးဆီတင်သွင်းခွင့်ပိတ်ထားတာကြောင့် ပုံမှန် ဆန်ကြမ်းတစ်အိတ်ကို ငွေကျပ် ၅၀၀၀၀ ကျော် မြင့်တက်သွားပြီး စက်သုံးဆီတွေကတော့ ၁ လီတာကို ၅၀၀၀ ပေးရကာ ဆိုင်တိုင်းဝယ်မရတော့တဲ့အထိ ပစ္စည်းပြတ်လပ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013