DVB Logo
Home
မြန်မာသတင်း
စစ်တွေ ပွိုင့်ကမ်းခြေရှိ ပင်လယ်ထဲဆင်းသည့် လှေကားထစ်များ အန္တရာယ်ရှိနေ
DVB
·
February 24, 2023
စစ်တွေ ပွိုင့်ကမ်းခြေရှိ ပင်လယ်ထဲဆင်းသည့် လှေကားထစ်များ အန္တရာယ်ရှိနေ
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေမှာ အန္တရာယ်ရှိတဲ့နေရာတွေကို လူဆင်းနိုင်တဲ့ လှေကားထစ် အပေါက်တွေ ပိတ်ထားဖို့ လိုအပ်တယ်လို့ ပွိုင့်ကမ်းခြေမှာနေထိုင်ပြီး စျေးရောင်းချနေတဲ့ စစ်တွေဒေသခံတွေက ပြောပါတယ်။

 

စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေဟာ ရေစီးကြမ်းပြီး အန္တရာယ်ရှိတဲ့နေရာတဝိုက်မှာ “အန္တရာယ်ရှိသည် ဤနေရာ၌ ရေဆင်းမကူးရ” ဆိုတဲ့ အသိပေးဆိုင်းဘုတ်သုံးခုကို ရခိုင်ပြည်နယ် စည်ပင်သာယာရေးကော်မတီရဲ့ အစီအစဉ်နဲ့ ဖေဖော်ဝါရီ ၂၀ ရက်က စတင်ပြုလုပ်ခဲ့ပါတယ်။

 

အဆိုပါဆိုင်းဘုတ်သုံးခု ပြုလုပ်ရတာဟာ စစ်တွေပွိုင့်ကမ်းခြေမှာ ဒီရေအတက်အကျပေါ် မူတည်ပြီး ရေအောက်ကို ရေဆွဲအားတွေရှိတဲ့အတွက် ရေဆင်းကူးမယ့်သူတွေ အသက်အန္တရာယ် ဖြစ်ပေါ်နိုင်တာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အသိပေးဆိုင်း ဘုတ်ပြုလုပ်ရတာလို့ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ကနေ သိရပါတယ်။

 

ပွိုင့်ကမ်းခြေမှာနေထိုင်ဆိုင်ဖွင့်ထားတဲ့စျေးသည်တဦးက “ဘယ်လောက်ဆိုင်းဘုတ်ထောင်ထောက် လူ့စိတ်က ရေကိုမြင်ရင် ဆင်းချင်ကြတာပါပဲ။ ဆိုင်းဘုတ်ထောင်ထားပေမဲ့ တချို့က စာမဖတ်တတ်တဲ့သူတွေလည်း ရှိပါတယ်။ တချို့က စာဖတ်တတ်တယ်။ အန္တရာယ်ကတော့ များပါတယ်။ အဲ့ဒါကြောင့် ရေကိုဆင်းလို့ရတဲ့ လှေကားထစ်နေရာတွေမှာ အကာအကွယ်တွေ လုပ်ပေးသင့်ပါတယ်” လို့ ပြောပါတယ်။

 

စစ်တွေ ပွိုင့်ကမ်းခြေမှာ အန္တရာယ်ရှိတဲ့ ပင်လယ်ပြင်ကိုဆင်းဖို့ လူဆင်းလှေကားထစ် ရှိတဲ့နေရာ ၃ ခုအထိရှိနေပြီး အဲဒီလှေကားထစ်တွေကနေ လူကြီးတွေသာမက ကလေးငယ်တွေပါ ပင်လယ်ပြင်ထဲ ဆင်းသက်ပျော်ပါးနေကြတာတွေ ရှိပါတယ်။

 

စစ်တွေပွိုင့်ကမ်းခြေမှာ လူအသေအပျောက်တွေရှိခဲ့ပြီး မကြာမီနှစ်တွေက ပြည်မဘက်က အလည်အပတ်ရောက်ရှိလာခဲ့တဲ့ ဆရာဝန်မိသားစုတစုအပြင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၂ ရက်၊ မနက် ၁၁ နာရီလောက်ကလည်း စစ်တွေမြို့မှ စတုတ္ထတန်းကျောင်းသား ၃ ဦး အဲဒီ အန္တရာယ်ရှိတဲ့နေရာကို လူဆင်းလှေကားထစ်ကနေ ဆင်းပြီး ရေဆော့ကစားရာက ရေနစ်သေဆုံးခဲ့ပါတယ်။

 

စစ်တွေ ပွိုင့်ကမ်းခြေကို ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်သာမက ပြည်မနဲ့ ပြည်ပနိုင်ငံတွေက ခရီးသွားတွေပါ လာရောက်လည်ပတ်တဲ့နေရာ ဖြစ်တဲ့အတွက် အခုလို အသိပေးဆိုင်းဘုတ် စိုက်ထူပေးတာ ကြိုဆိုကြောင်း စစ်တွေဒေသခံ လူငယ်တဦးက ​ပြောပါတယ်။

 

ပွိုင့်ကမ်းခြေအနီး ရေဆွဲအားပြင်းထန်ပြီး ရေစီးကြမ်းတဲ့အတွက် ရေနစ်သေဆုံးမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလက အသက် ၁၁ နှစ်အရွယ် စတုတ္ထတန်းကျောင်းသားသုံးဦး ရေကစားရာက နစ်မြုပ်သေဆုံးခဲ့မှုကို CCTV မှတ်တမ်းအရ သိရှိခဲ့ပေမဲ့ အဲဒီ CCTV ကို အချိန်ပြည့်စောင့်ကြည့်မှု မရှိတာကြောင့် အန္တရာယ်ကနေ ကြိုတင်မကာကွယ်နိုင်တာ ဖြစ်ပါတယ်။

 

စစ်တွေအခြေစိုက် မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်းက ကောက်ယူထားတဲ့ စာရင်းအရ ၂၀၂၂ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအထိ ၂ လအတွင်း စစ်တွေပွိုင့်ကမ်းခြေမှာ ရေနစ်သေဆုံးသူ ၅ ဦးရှိခဲ့ကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013