DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့နယ်၌ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ပြည်သူ ၃ ဦး ထိမှန်သေဆုံး
DVB
·
February 22, 2023
ညောင်လေးပင်မြို့နယ်၌ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ပြည်သူ ၃ ဦး ထိမှန်သေဆုံး
1 / 2
Donate to DVB

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာနဲ့ ပုဇွန်ချောင်းကျေးရွာမှာ ဖေဖော်ဝါရီ ၂၂ ရက် ဒီမနက် ၅ နာရီခွဲလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ကျေးရွာတွေအတွင်းကို ပစ်ခတ်လို့ ဒေသခံပြည်သူ ၃ ဦး ထိမှန်သေဆုံးခဲ့သလို ဘုန်းကြီးကျောင်းတစ်ကျောင်း လည်း ထိမှန် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက် ၅ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ကျေးရွာတွေအတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကရင်လူမှုရေးရာအဖွဲ့တာဝန်ရှိသူက"လက်နက်ကြီးထိလို့ ထိမှန်သေဆုံးသူလည်းရှိတယ်။ ဘယ်ရွာက ဘယ်သူတွေဆိုတာ အတိအကျမသိရသေးဘူး။ လောလောဆယ် ရွာသားတွေလည်း ပြေးနေရတယ်။ အသေးစိတ်တော့ မသိရသေးဘူး"လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၈ ရက် ညပိုင်းက ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ၊ မုန်းမြို့နယ်၊ ကျွန်းတောကျေးရွာအတွင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် မိခင်ဖြစ်သူ ထိမှန်သေဆုံးပြီး ကလေး ၂ ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

တုံးတောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခမရ ၅၉၉ တပ်က ကျွန်းတောကျေးရွာထဲကို ၁၂၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေါ်မြင့်မြင့်ဆန်း(၃၈ နှစ်)နေရာမှာတင်သေဆုံးပြီး သမီးဖြစ်သူ မနှင်းမြတ်မွန်(၁၂နှစ်)ဟာ ညာဘက်ခြေထောက်ထိမှန်ကာ သားဖြစ်သူ မောင်ရန်လင်းထက်ကတော့ ဘယ်ဘက်ခြေထောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့ ကလေးငယ်နှစ်ဦးကို ဖြူးမြို့ဆေးရုံကိုပို့ဆောင်ပြီး ဆေးကုသမှုပေးထားသလို ကလေးငယ် ၂ ဦးအတွက် ဆေးဝါးအကူအညီတွေလိုအပ်နေပါတယ်။

အလားတူ ည ၉ နာရီကျော်လောက်က စစ်ကောင်စီရဲ့ ခမရ-၃၅၁ တပ်က သစ်ချဆိပ်ကျေးရွာအတွင်းကို လက်နက်ကြီးနဲ့ပစ်ခတ်လို့ နော်ထဲနေထူးရဲ့နေအိမ်ပေါ် ကျရောက်ပေါက်ကွဲတဲ့အတွက် နေအိမ်နဲ့အတူ အိမ်တွင်းပစ္စည်းအားလုံး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် မနက် ၈ နာရီခွဲလောက်က နတ်သံကွင်း-ကျောက်ကြီးကားလမ်းပေါ်က ဆိတ်ကြီးဂိတ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခလရ-၆၀ တပ်က နိုတောတာကျေးရွာသား စောပီးလီး(၃၆ နှစ်)နဲ့ စောပီးပီ(၂၈ နှစ်)တို့ ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးခံခဲ့ရ ပါတယ်။

စစ်ကောင်စီက ညီအစ်ကိုနှစ်ဦးကို တားဆီးစစ်ဆေးရာမှာ စောပီးပီကိုင်ဆောင်တဲ့ ဖုန်းအတွင်းကနေ ကျေးရွာအတွင်းကို စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲထားတဲ့ လက်နက်ကြီးအပိုင်းအစတွေကို ရိုက်ယူထားတဲ့ပုံတွေ တွေ့ရှိခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဖမ်းဆီးရိုက်နှက်စစ်ဆေးခံနေရတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013