DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်၌ မိန်းကလေးငယ်များ အပါအဝင် အသက်မပြည့်သေးသည့် လူငယ်များအကြား မူးယစ်ဆေးသုံးစွဲမှု ပိုများလာ
DVB
·
February 22, 2023
ကချင်ပြည်နယ်၌ မိန်းကလေးငယ်များ အပါအဝင် အသက်မပြည့်သေးသည့် လူငယ်များအကြား မူးယစ်ဆေးသုံးစွဲမှု ပိုများလာ
Donate to DVB

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ ပိုမိုများပြားလာပြီး အသက်မပြည့်သေးတဲ့ လူငယ်တွေလည်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပိုမိုများပြားလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် လူငယ်တွေဟာ WY စိတ်ကြွဆေးပြားနဲ့ No.4 ဘိန်းဖြူ သုံးစွဲတာတွေ အရင်ကထက် ပိုများလာပြီး အရေးယူမှု အားနည်းတဲ့အတွက် မိဘတွေအနေနဲ့ စိုးရိမ်ပူပန်နေကြပါတယ်။

ဆွမ်ပရာဘွမ်မြို့ ဒေသခံတဦးက “မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေထဲ စစ်အာဏာသိမ်းပြီး နောက်ပိုင်း အသက် ၁၅ နှစ်၊ ၁၆ နှစ် ဝန်းကျင်ကလေးတွေ ပိုများလာတယ်။ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲလို့ ဖမ်းတာဆီးတာလည်း အတော်နည်းသွားပြီ။ လူရှင်းတဲ့လမ်းတွေမှာဆိုရင် ဘိန်းဖြူထိုးနေတာတွေ တွေ့နေရတော့ ကျနော်တို့အနေနဲ့ သားသမီးတွေ လမ်းမှားရောက်သွားမှာကို စိုးရိမ်ရတယ်” လို့ ပြောပါတယ်။

WY စိတ်ကြွရူးသွပ်ဆေးပြား၊ No.4 ဘိန်းဖြူ မူးယစ်ဆေးဝါး ရောင်းချသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ဖမ်းဆီးတာရှိပေမဲ့ လိုင်းကြေးယူပြီး ဥပဒေမဲ့ ပြန်လွှတ်ပေးတာတွေလည်း ရှိနေပါတယ်။

ပူတာအိုဒေသခံတဦးက “မူးယစ်ဆေးဝါး ရောင်းသူတွေကို ရဲတပ်ဖွဲ့က ဝင်ဖမ်းတာရှိတယ်။ မနှစ်က မတ်လပိုင်းမှာ မြို့မရပ်ကွက်နဲ့ လုံးစွတ်ရပ်ကွက်ထဲ သတင်းရလို့ဆိုပြီး ၄ ကြိမ်လောက်ရှိတယ် ဝင်ဖမ်းတာ။ မကြာဘူး ၅ သိန်းပေးရပြီး ပြန်လွတ်လာတယ်။ ခုနောက်ပိုင်း အဲ့လိုမဟုတ်တော့ဘူး။ နယ်ထိန်းရဲ လေးငါးယောက်လောက်က ရောင်းချသူ အိမ်ထဲဝင်တယ်။ အိမ်ပေါ်မှာပဲ လိုင်းကြေးညှိတယ်။ လိုင်းကြေးကလည်း ၁၀ သိန်းအထက် ပေးရင် မဖမ်းတော့ဘူး” လို့ ပြောပါတယ်။

မူးယစ်ဆေးဝါး လက္ကားရောင်းချသူတွေဟာ စစ်ကောင်စီလက်အောက်ခံ ဒုစရိုက်နှိမ်နင်းရေး အဖွဲ့၊ မူးယစ်တပ်ဖွဲ့၊ နယ်ထိန်းတပ်ဖွဲ့ဝင်တွေကို တရားမဝင် လိုင်းကြေးပေး လာဘ်ထိုး ရောင်းချနေတာပါ။

မိုးညှင်းမြို့ခံတဦးက “မူးယစ်ဆေး လက္ကား လက်ကြီးသမားက ကျနော်တို့မြို့မှာ သုံးဦးလောက်ရှိတယ်။ သူတို့တွေကလည်း ဒုစရိုက်နှိမ်နင်းရေးအဖွဲ့၊ နယ်ထိန်းတပ်ဖွဲ့နဲ့ မူးယစ်တပ်ဖွဲ့စုတွေကို တရားမဝင် လိုင်းကြေးပေးပြီး လက်ခွဲလက်လီသမားတွေကို ဖြန့်ပြီး ရောင်းခိုင်းတယ်။ ရဲစခန်းနားမှာတင် အဖမ်းအဆီးမရှိ ရောင်းနေတာ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ အသက်မပြည့်တဲ့ ကလေးတွေထဲမှာမှ မိန်းကလေးငယ်လေးတွေပါ မူးယစ်ဆေး သုံးစွဲလာတာ တွေ့ရတယ်” လို့ ပြောပါတယ်။

စစ်အာဏာမသိမ်းခင် ကချင်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့တွေက မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ အသိပညာပေးတာတွေ၊ တိုက်ဖျက်ရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာ ရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013