DVB Logo
Home
မြန်မာသတင်း
စာရေးဆရာကြီး မင်းသုဝဏ်အတွက် စစ်ခေါင်းဆောင်ချီးမြှင့်သည့်ဆု လာမယူသဖြင့် သမ္မတဟောင်း ဦးထင်ကျော်၏ နေအိမ်သို့ အတင်းသွားပေး
DVB
·
February 21, 2023
စာရေးဆရာကြီး မင်းသုဝဏ်အတွက် စစ်ခေါင်းဆောင်ချီးမြှင့်သည့်ဆု လာမယူသဖြင့် သမ္မတဟောင်း ဦးထင်ကျော်၏ နေအိမ်သို့ အတင်းသွားပေး
Donate to DVB

ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဦးဝန် (ခ) စာရေးဆရာ ကဗျာဆရာကြီး မင်းသုဝဏ်နဲ့ အန်အယ်လ်ဒီပါတီ အတွင်းရေးမှူး အဖြစ်တာဝန်ယူခဲ့ဖူးတဲ့ ဒုဝန်ကြီးချုပ်ဟောင်း ဦးလွင်တို့အတွက် စစ်ခေါင်းဆောင်ချီးမြှင့်ခဲ့တဲ့ စည်သူဘွဲ့ကို ကာယယံရှင်မိသားစုက လာမယူတဲ့အတွက် စစ်ကောင်စီတာဝန်ရှိသူတွေက နေအိမ်ကို သွားရောက်ပေးအပ်ခဲ့ပါတယ်။

နေပြည်တော်မှာနေထိုင်တဲ့ စာရေးဆရာကြီးမင်းသုဝဏ်ရဲ့သားလည်းဖြစ် ဦးလွင်ရဲ့ သားမက်လည်းဖြစ်တဲ့ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်ထံ ဂုဏ်ထူးဆောင်ဘွဲ့တွေ ကိုယ်စားလက်ခံယူပေးဖို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နဲ့ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇေယျကျော်ထင်ဇော်ဟိန်းတို့ အဖွဲ့က ဖေဖော်ဝါရီ ၁၉ ရက်က  သွားပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နဲ့ ဇနီးဖြစ်သူ အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်တို့ဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက လူမြင်ကွင်းက ကွယ်ပျောက်နေတာဖြစ်ပြီး နေပြည်တော်အိမ်ကနေ အပြင်ကိုထွက်ခွင့်၊ ဒါမှမဟုတ် တခြားနေရာတွေကို လွတ်လပ်စွာသွားလာခွင့်ရမရ  ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

ဒီနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာတွေမှာတော့  သမ္မတဟောင်း ဦးထင်ကျော်က သူ့ရဲ့ ဖခင်နဲ့ ယောက္ခမဖြစ်သူတို့အတွက် ဆုတွေ ကိုယ်စားလက်ခံရယူတဲ့ သတင်းနဲ့ ဓာတ်ပုံကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နဲ့ ၂ ရက်တို့မှာ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့တွေကို စစ်ခေါင်းဆောင်က နေပြည်တော်မှာ  အခမ်းအနားနဲ့ တဦးချက် ချီးမြှင့်အပ်နှင်းခဲ့တာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ပေးတဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေကို ကိုယ်တိုင်လည်းသွားမယူ ကိုယ်စားလည်း  တက်ရောက်မယူတဲ့သူတွေရဲ့ မိသားစုဆွေမျိုးတွေရဲ့ နေအိမ်တွေဆီ စစ်ကောင်စီက အတင်းသွားပေးနေတာ ဖြစ်ပြီး တချို့က ဆေးရုံမှာတက်ရောက်နေတဲ့ အတွက် ဆေးရုံကို သွားပြီးပေးတာလည်းရှိပါတယ်။ 

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013