DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDF-ဟားခါးထံ အလင်းဝင်
DVB
·
February 21, 2023
စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် CDF-ဟားခါးထံ အလင်းဝင်
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ခမရ ၂၆၉ တပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက်ဟာ ဖေဖော်ဝါရီ ၂၀ ရက်မှာ လက်နက်ခဲယမ်းအပြည့်အစုံနဲ့ CDF-ဟားခါးကနေတဆင့် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ CDF-ဟားခါးက ဖေဖော်ဝါရီ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

ထန်တလန်မြို့နယ်အခြေစိုက် ခမရ ၂၆၉ စစ်ကောင်စီတပ်ရင်းက စစ်ကောင်စီတပ်သား ၂ ယောက်ဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့လို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ CDF-ဟားခါးကနေတဆင့် လက်နက်ခဲယမ်းအပြည့်အစုံနဲ့ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ CDF-ဟားခါး တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်သားတွေမှာ MA3 သေနတ် ၁ လက်၊ MA1 သေနတ် ၁ လက်၊ ကျည်ဆန် ၆၇၄ တောင့်၊ ကျည်ဘောက် ၉ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ၆၀ မမ ဗုံးသီး ၃ လုံးနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေနဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တာလို့ ဆိုပါတယ်။

လက်နက်ခဲယမ်းအပြည့်အစုံနဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကိုတော့ CDF-ဟားခါးက ဂုဏ်ပြုဆုငွေ တယောက် သိန်း ၃၀ ကျပ်စီ ချီးမြှင့်ပေးပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။

နောက်နောင်မှာလည်း စစ်အာဏာရှင်လက်အောက်ကနေ ရုန်းထွက်ပြီး လက်နက်ခဲယမ်းအပြည့်အစုံနဲ့ အလင်းဝင်လာမယ့် စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေ ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးမယ်လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေတာပါ။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်း နှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013