ဘာစီလိုနာအသင်းဟာ မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို (၂-၀) ဂိုးနဲ့ အနိုင်ယူပြီး လာလီဂါ ချန်ပီယံဆုကို ဆက်တိုက်ဆွတ်ခူးကာ ကာကွယ်နိုင်ခဲ့ပါတယ်။
နည်းပြ ဟန်ဆီဖလစ်ရဲ့ ဘာကာအသင်းဟာ ချန်ပီယံဖြစ်ဖို့ ၁ မှတ်သာ လိုအပ်ခဲ့တာဖြစ်ပြီး ပွဲအစ ၉ မိနစ်မှာတင် မန်ယူအငှားကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ လှပတဲ့ ဖရီးကစ်အဖွင့်ဂိုး၊ ၁၈ မိနစ်မှာ ဖာရန်တောရက်စ်ရဲ့ သွင်းဂိုးတို့နဲ့အတူ အလွယ်တကူ အနိုင်ရရှိခဲ့တာပါ။
အသင်းတွင်း ပြဿနာပေါင်းစုံနဲ့ ရုန်းကန်နေရတဲ့ ရီးရဲလ်မက်ဒရစ်ကတော့ ဂျုဒ်ဘယ်လင်ဂမ်ရဲ့ သွင်းဂိုးတဂိုး လူကျွံဘောဖြစ်ခဲ့ရပြီး ဒီရှုံးနိမ့်မှုကြောင့် ပြိုင်ဘက်ဘာကာကို ချန်ပီယံဖလား ပေးလိုက်ရတဲ့အပြင် စိတ်ပျက်စရာ ရာသီတခုကိုလည်း ဖြတ်သန်းနေရပါတယ်။










