DVB Logo
Home
မြန်မာသတင်း
ရေးတံတားတိုက်ခိုက်မှုတွင် သေဆုံးသူသည် သာမန်အရပ်သားဟု ရေးဘီလူးတပ်ဖွဲ့ပြော၊ သံဖြူဇရပ်တွင် စစ်ကား ၂ စီး မိုင်းဆွဲခံရ
DVB
·
February 20, 2023
ရေးတံတားတိုက်ခိုက်မှုတွင် သေဆုံးသူသည် သာမန်အရပ်သားဟု ရေးဘီလူးတပ်ဖွဲ့ပြော၊ သံဖြူဇရပ်တွင် စစ်ကား ၂ စီး မိုင်းဆွဲခံရ
Donate to DVB

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက ရေးတံတားကြီး တိုက်ခိုက်မှု ဖြစ်စဉ်မှာ သေဆုံးသွားသူဟာ သာမန်အရပ်သားဖြစ်တယ်လို့ ရေးဘီလူးအဖွဲ့က ထုတ်ပြန်ပါတယ်။

ရေးတံတားကြီး စစ်ဆေးရေးဂိတ်ကို မနေ့မနက် ၇ နာရီကျော်က PDF တွေ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပြန်လည်ခုခံမှုကြောင့် PDF တယောက်ကို ဗုံးပစ်လောင်ချာတလက်နဲ့ အသေဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တဲ့အပေါ်  ရေးဘီလူးအဖွဲ့က ပြန်လည်တုံ့ပြန်လိုက်တာပါ။

အဲဒီနေ့ နှစ်ဖက်ပစ်ခတ်မှုအတွင်း သေဆုံးသူဟာ အဲဒီတံတားနားမှာ အုန်းသား အလုပ် လုပ်နေသူဖြစ်ပြီး အရက်သွားဝယ်စဉ် လက်နက်ကြီးထိမှန် သေဆုံးတာလို့ ဒေသခံတွေက ဆိုပါတယ်။

ရေးတံတားကြီးဂိတ်စခန်းက ထားဝယ်ဘက်သွားတဲ့ တံတားတဖက်ရဲ့ ဂိတ်ကိုသာ ဝင်ရောက် သိမ်းပိုက်ခဲ့ပြီး ရေးဘက်ကဂိတ်ကို ထပ်မံသိမ်းဖို့ လုပ်ပေမဲ့ စစ်တပ်က လက်နက်ကြီးနဲ့ လှမ်းပစ်နေတာကြောင့် မသိမ်းနိုင်ဘဲ ပြန်ဆုတ်ခွာလာရတယ်လို့ ရေးဘီလူးအဖွဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီဘက်က  ၁၅ ယောက်ထက်မနည်း သေဆုံးကာ ရေးဘီလူးအဖွဲ့က ရဲဘော်သုံးယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ရေးဘီလူးအဖွဲ့က သတင်းထုတ်ပြန်ထားသလို စစ်ကောင်စီ တယ်လီဂရမ်ကလည်း PDF တယောက်ကို လက်နက်နဲ့အတူ အသေဖမ်းဆီး ရမိကာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာတော့  ဝဲခမိကျေးရွာအုပ်စု၊ ကျုံပသီနဲ့ ကလိန်ဗဒေါကြားမှာ ဖေဖော်ဝါရီ ၁၉ ရက် ညနေ ၆ နာရီခွဲလောက်က စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပျံလွှားအထူးတပ်ဖွဲ့က ပြောပါတယ်။

ကင်းပုန်းချပြီး ညနေ ပြန်ရုပ်သိမ်းလာချိန် မိုင်းဆွဲတိုက်ခိုက်ပြီးနောက် နှစ်ဖက်ပစ်ခတ်မှု မိနစ် အနည်းငယ် ဖြစ်ခဲ့တယ်လို့ ပျံလွှားအထူးတပ်ဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုအတွင်း တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာခဲ့သလို စစ်ကောင်စီတပ်ရဲ့ အထိခိုက် အကျဆုံးတော့ မသိရသေးဘူးလို့ ပျံလွှားအထူးတပ်ဖွဲ့ဘက်က ပြောပါတယ်။

ပျံလွှားအထူးတပ်ဖွဲ့ဟာ မကြာခဏဆိုသလို မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့လည်း ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တိုက်ခိုက်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013