DVB Logo
Home
မြန်မာသတင်း
အရာတော်နှင့် ကန့်ဘလူမြို့နယ်က ရွာ ၂ ရွာကို စစ်တပ်က မီးရှို့
DVB
·
February 20, 2023
အရာတော်နှင့် ကန့်ဘလူမြို့နယ်က ရွာ ၂ ရွာကို စစ်တပ်က မီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်တောင်ခြမ်းက မြေမွန်ရွာကို ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်ပိုင်းမှာ  စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၅၀ လောက် ဆုံရှုံးခဲ့တယ်လို့ ကန့်ဘလူဒေသခံတွေက ပြောပါတယ်။

ဒေသခံရွာသားတဦးက “သူတို့က ဖေဖော်ဝါရီ ၁၈ ရက်ကနေ စတင်ပြီး ကန့်ဘလူတောင်ခြမ်းကို စစ်ကြောင်းစထိုးတာ။ ကွင်း ၉ စိုက်ပျိုးရေးတပ် ဒေသခံ ပျူစောထီးတွေ ပေါင်းပြီး ထွက်လာကြတာ။ သူတို့က ရွာထဲကနေ ထွက်တော့မယ်ဆိုရင် အိမ်တွေကို မီးရှို့ရှို့ပြီး ထွက်လေ့ ရှိတယ်။ အခုလည်း မီးရှို့ပြီး ထွက်သွားတယ်။ အဲဒီလို ထွက်သွားတာနဲ့ ကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံရွာသားတွေ မီးဝင်ငြှိမ်းရတယ်။ အိမ် ၅၀ လောက် မီးလောင်ဆုံးရှုံးခဲ့တယ်။ လယ်ယာသုံးပစ္စည်းတွေလည်း ဆုံးရှုံးခဲ့ရသလို အိမ်မွေးတိရစ္စာန်တွေလည်း သေတာတွေ ရှိတယ်” လို့ ပြောပါတယ်။

ကန့်ဘလူမြို့နယ်တောင်ခြမ်းကို စစ်ကြောင်း ၄‌ အနက် ၃ ကြောင်းက ကွင်း ၉ စိုက်ပျိုးရေး တပ်ဖြစ်ပြီး ဇီးကုန်းသကြားစက်ရုံမှာ စခန်းချနားနေကာ တကြောင်းကတော့ ဒီနေ့အထိ စစ်ကြောင်း ထိုးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို စစ်ကြောင်း ထိုးနေတာကြောင့် မြေမွန်၊ စကျင်၊ သီရိမွန်၊ သရက်ချောင်း စတဲ့ကျေးရွာက ဒေသခံ ၃,၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

အလားတူ အရာတော်မြို့နယ်ထဲက ဝက်ပြစ်ရွာကိုလည်း ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းကစပြီး ၁၉ ရက် မနက်ပိုင်းအထိ စစ်တပ်က မီးရှို့ခဲ့တယ်လို့ အရာတော် ဒေသခံတွေက ပြောပါတယ်။

ရွာကို မီးလာရှို့တဲ့ စစ်တပ်ဟာ အရာတော်မြို့ တကရ ၅၀၀၄ တပ်ရင်းက စစ်သားတွ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း လယ်တီရပ်ကွက်နားက ငါးထောင့်လေး တင့်ကားစစ်တပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို လယ်တီရပ်ကွက်နဲ့ တပ်မ ၅၀၀၄ ကြားမှာ ကာကွယ်ရေးအဖွဲ့‌တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့သလို အရာတော်မြို့ တပ်ရင်း ၁၀ ကို ၈၀ မမတွေနဲ့ ပစ်ခတ်တာကြောင့် အခုလို မီးရှို့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “မနေ့က ညနေကတည်းက ရွာကိုမီးရှို့တယ်။ ဒီနေ့မနက်ခင်းအ‌စောပိုင်း ၆ နာရီလောက် ရောက်တော့လည်း ထပ်ပြီးမီးရှို့တယ်။ ပြောရရင် ပြည်သူတွေ ဒုက္ခရောက်အောင်ကို လုပ်နေတာလို့ပဲ ပြောရမယ်။ သူတို့ထွက်သွားပြီး ရွာထဲပြန်ဝင်တော့ အိမ်မွေးတိရစ္ဆာန်တွေ သေတယ်။ အိမ် ၂၀ လောက် မီးလောင်သွားတယ်။ အိမ်တွေထဲက ရွှေ၊ ငွေနဲ့ အဖိုးတန်တဲ့အရာတွေ အကုန်ယူသွားတယ်” လို့ ပြောပါတယ်။

ဝက်ပြစ်ရွာဟာ စစ်တပ် တပ်ဆွဲထားတဲ့ နှောင်ကြီးအိုင်ကျေးရွာနဲ့ အရာတော်မြို့ကြားမှာ ရှိပြီး အိမ်ခြေ ၂၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၇ ရက် ညနေကလည်း အရာတော်မြို့ပေါ် လယ်တီရပ်ကွက်ကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၈ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ရပ်ကွက်အတွင်းက လူငယ်တချို့ ရိုက်နှက်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013