
ဘုန်းမောက်အသင်းမှာ တောက်ပတဲ့ ပွဲဦးထွက်ရာသီကို ဖြတ်သန်းခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် တိုက်စစ်ကစားသမား အီလီ ဂျူနီယာခရော့ပီကို ခေါ်ယူဖို့ အာဆင်နယ်အပြင် ချဲလ်ဆီးအသင်းပါ အပြိုင်အဆိုင် စိတ်ဝင်စားလာပါတယ်။
ပြင်သစ်လူငယ်ကြယ်ပွင့် ခရော့ပီဟာ အင်္ဂါနေ့က မန်စီးတီးအသင်းဘက်ကို ဂိုးသွင်းယူပေးခဲ့ပြီး အာဆင်နယ်အသင်း ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်လာစေဖို့ ကူညီပေးခဲ့သူပါ။
သူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၃ ဂိုးအထိ သွင်းယူကာ လူငယ်ကစားသမားတယောက်ရဲ့ ပွဲဦးထွက်ရာသီ သွင်းဂိုးအများဆုံးစံချိန်ကိုပါ ချိုးဖျက်ထားပါတယ်။
နည်းပြသစ် ဇာဘီအလွန်ဆိုရဲ့ ချဲလ်ဆီးအသင်းက ခရော့ပီရဲ့ အခြေအနေကို စောင့်ကြည့်နေပေမဲ့ လာမဲ့ရာသီ ဥရောပပွဲ ဝင်ခွင့်ရထားတဲ့ ဘုန်းမောက်အသင်းကတော့ သူ့ကို ရောင်းချမှာ မဟုတ်ကြောင်း အခိုင်အမာ ပြောကြားထားပါတယ်။
Photo:Reuters










