DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်သရုပ်ဆောင်တဦးနှင့် ခင်ပွန်းဖြစ်သူကို လိမ်လည်မှုဖြင့် အမှုဖွင့်
DVB
·
February 18, 2023
ရုပ်ရှင်သရုပ်ဆောင်တဦးနှင့် ခင်ပွန်းဖြစ်သူကို လိမ်လည်မှုဖြင့် အမှုဖွင့်
Donate to DVB

အင်းတကော်နယ်မြေရဲစခန်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ဦးမောင်မောင်ကျော်နဲ့ ရုပ်ရှင်သရုပ်ဆောင် မို့မို့မြင့်အောင်တို့ လင်မယားနှစ်ဦးကို ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ဦးမောင်မောင်ကျော်နဲ့ ဇနီးဖြစ်သူမှာ ထားဝယ်ရေနက်စီမံကိန်းလုပ်ငန်းမှာ ငွေလိုအပ်တာကြောင့် လွန်ခဲ့တဲ့နှစ်တွေက ငွေသိန်းငါးထောင်ကို အင်းတကော်မြို့ ဥယျာဥ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူတဦးဆီက ချေးငှားပြီး ပြန်မပေးတဲ့အတွက် အမှုဖွင့်တိုင်ကြားခဲ့တာလို့ အမည်မဖော်လိုသူရဲအရာရှိတဦးက ပြောပါတယ်။

"ဖေဖော်ဝါရီ ၁၂ ရက်က တိုင်ထားတာပါ။ သူယောကျ်ားရော၊ သူ့ကိုရော တိုင်ထားတာ။ လိမ်လည်မှုနဲ့ ထန်းပင်ချောင်ကျေးရွာမှာနေတဲ့ လုပ်ငန်းရှင်တဦးက တိုင်တာပါ။" 

တိုင်ကြားခံရသူလင်မယားမှာ ငွေကြေးမပေးဘဲ ရှောင်တိမ်းနေတဲ့အတွက် လိုက်လံရှာဖွေပြီး ညှိနှိုင်းခဲ့ရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ သိန်း ၃၀၀၀ တကြိမ်နဲ့ ၂၀၂၃ ခုနှစ်မှာ သိန်း ၂၀၀၀ တကြိမ်ပြန်ပေးမယ်လို့ ကတိပြုခဲ့ပြီး ပြန်မပေးတဲ့အတွက် အခုလိုတိုင်ကြားခဲ့တာလို့ သိရပါတယ်။

ခင်ပွန်းဖြစ်သူမှာ ငွေကြေးအရှုပ်အရှင်းများရှိတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက် က လသာမြို့နယ် အမှတ် ၂ စည်ပင်သာယာတရားရုံးမှာ တရားဝင်ကွာရှင်းပြတ်စဲထားပြီး ခင်ပွန်းဖြစ်သူနဲ့ပတ်သက်တဲ့ ငွေကြေးအရှုပ်အရှင်းတွေကို မရှင်းနိုင်ကြောင်း နိုင်ငံပိုင်သတင်းစာမှာ နိုဝင်ဘာ ၂၆ ရက်က ကြေညာထားပါတယ်။

လက်တလောမှာ မြောက်ဒဂုံမြို့နယ် တော်ဝင်အိမ်ရာ သဇင်လမ်းနေ ဦးမောင်မောင်ကျော်နဲ့ ဒေါ်မို့မို့မြင့်အောင်တို့ နှစ်ဦးကို အင်းတကော်နယ်မြေရဲစခန်းမှ (ပ)၂၀/၂၀၂၃ ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့မှ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013