
ရုပ်ရှင်သရုပ်ဆောင်ကနေ နိုင်ငံရေးသမားဖြစ်လာသူ ဂျိုးဇက်ဗီဂျေးက မေ ၁၀ ရက်မှာ အိန္ဒိယတောင်ပိုင်း တမီးလ်နာဒူးပြည်နယ်ရဲ့ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
ဗီဂျေးဟာ ပါတီရဲ့ အကြီးတန်းခေါင်းဆောင်တွေ၊ နိုင်ငံရေးမဟာမိတ်တွေအပြင် သူ့မိဘတွေ တက်ရောက်တဲ့ အခမ်းအနားမှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့တာပါ။
ဒါဟာ အစပြုခြင်းအသစ်ပါ။ တကယ့်၊ လောကီရေးရာနဲ့ လူမှုရေးတရားမျှတမှုရဲ့ ခေတ်သစ်တခု အခုစတင်ပါပြီလို့ ဗီဂျေးက အခမ်းအနားမှာ ပြောပါတယ်။
သူ့ပါတီဟာ မကြာသေးမီက ပြည်နယ်ရွေးကောက်ပွဲတွေမှာ အကြီးဆုံးပါတီအဖြစ် ပေါ်ထွက်လာခဲ့ပြီး ၂၃၄ နေရာရှိတဲ့ လွှတ်တော်မှာ ၁၀၈ နေရာ အနိုင်ရခဲ့ပါတယ်။
ဗီဂျေးဟာ မဟာမိတ်တွေရဲ့ ထောက်ခံမှုနဲ့ အစိုးရတရပ်ကို ဖွဲ့စည်းခဲ့ပြီး အိန္ဒိယနိုင်ငံကို ဆယ်စုနှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တဲ့ ပါတီနှစ်ခုကို အနိုင်ယူခဲ့တာလည်း ဖြစ်ပါတယ်။
Source: Reuters










