DVB Logo
Home
နိုင်ငံတကာ
အီရန်နှင့်ပတ်သက်သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၁၄ ဦးကို အမေရိကန် စီးပွားရေးဒဏ်ခတ်
DVB
·
April 22, 2026
Photo: Majid Asgaripour/WANA via Reuters
Photo: Majid Asgaripour/WANA via Reuters
Donate to DVB

အီရန်ကို စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တွေ ချမှတ်မယ်လို့ ပါကစ္စတန်နိုင်ငံမှာ ဆွေးနွေးမှုမတိုင်ခင် အမေရိကန်က ထုတ်ပြန်ခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ စစ်ပွဲဟာ ၇ ပတ်ကျော်ကို ရောက်ရှိလာပြီဖြစ်ပြီး ပါကစ္စတန်နိုင်ငံမှာ ဆွေးနွေးမှု ထပ်လုပ်ဖွယ် ရှိပါတယ်။

အမေရိကန်ဘဏ္ဍာရေးဌာနက အီရန်ကို တယောက်ချင်းဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ်စေ ကူညီနေတဲ့သူ ၁၄ ယောက်ကို ပြစ်ဒဏ်ချမှတ်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့တာပါ။

ဒီပိတ်ဆို့ဒဏ်ခတ်မှုဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အီရန်စစ်ပွဲ အဆုံးသတ်ရေး တွန်းအားပေး ဆောင်ရွက်မှုမှာ ဘဏ္ဍာရေးဆိုင်ရာ ဖိအားတိုးစေဖို့ ဖြစ်ပါတယ်။

အီရန်ကလည်း အနာဂတ်သဘောတူညီမှု အစိတ်အပိုင်းထဲမှာ ဒီလိုပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖြေလျှော့ပေးဖို့ တောင်းဆိုမှုတွေ ပါဝင်လာဖွယ် ရှိပါတယ်။

ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန်က “အီရန်အစိုးရဟာ ကမ္ဘာ့စီးပွားရေးမှာ ခြိမ်းခြောက် ငွေညှစ်မှုတွေ ဖြစ်နိုင်ပါတယ်။ ဒရုန်းတွေ ဒုံးကျည်တွေ သုံးပြီး ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ မဆင်မခြင်လုပ်ရပ်တွေ လုပ်ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဦးဆောင်မှုအောက်မှာ ဘဏ္ဍာရေးဌာနအနေနဲ့ အီရန်နိုင်ငံရဲ့ မဆင်မခြင်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်သွားမှာပါ” လို့ ပြောပါတယ်။

ဒီပြစ်ဒဏ်ချမှုဟာ အမေရိကန်နဲ့ အီရန်တို့ ပါကစ္စတန်မှာ တရားဝင်တွေ့ဆုံမှုကြားမတိုင်မီ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

အီရန်ကို စီးပွားရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ကြောင်း ကြေညာမှု ထွက်လာပြီးနောက် အပစ်အခတ်ရပ်စဲမှုကို အချိန်တိုးမြှင့်ထားတယ်လို့ ထရမ့်ပ်က ဆိုရှယ်မီဒီယာမှာ ဖော်ပြပါတယ်။

အီရန်နဲ့ အမေရိကန်တို့ဟာ ၂ ပတ်ကြာ အပစ်အခတ်ရပ်စဲဖို့ သဘောတူထားပြီး အဲဒီသဘောတူညီမှုဟာ ဗုဒ္ဓဟူးနေ့မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။

အင်္ဂါနေ့က ထုတ်ပြန်တဲ့ စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုတွေဟာ အီရန်၊ တူရကီ၊ ယူအေအီးတို့မှာရှိတဲ့ ကုမ္ပဏီတွေနဲ့ လူတယောက်ချင်းအပေါ် ပြုလုပ်မှာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ ဒူဘိုင်းအခြေစိုက် FZCO လည်း ပါဝင်ပြီး အီရန်လေကြောင်းလိုင်း မာဟန်အတွက် အမေရိကန်လေကြောင်းသုံး ဆင်ဆာတွေ ရယူခဲ့တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

အဲဒီ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုထဲမှာ အီရန်ငွေကြေးလဲလှယ်ရေး လုပ်ငန်းတွေနဲ့ ငွေလဲလှယ်သူတွေက လက်နက်ဝယ်ယူရာမှာ ငွေပေးချေမှုအဖြစ် ပါဝင်တယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။

စီးပွားရေးပိတ်ဆို့ခံရတဲ့သူတွေရဲ့ အမေရိကန်မှာရှိတဲ့ အကောင့်တွေကို ထိန်းသိမ်းခံရမှာဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေနဲ့ စီးပွားရေးလုပ်ခွင့်လည်း ပိတ်ခံရမှာဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013