DVB Logo
Home
မြန်မာသတင်း
ကျောက်တော်တွင် မြေမြှုပ်မိုင်းထိပြီး အမျိုးသား ၁ ဦး အပြင်းအထန်ဒဏ်ရာရ
DVB
·
February 17, 2023
ကျောက်တော်တွင် မြေမြှုပ်မိုင်းထိပြီး အမျိုးသား ၁ ဦး အပြင်းအထန်ဒဏ်ရာရ
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ လမ္မတော်ကျေးရွာက အမျိုးသားတဦး ဖေဖော်ဝါရီ ၁၅ ရက် မနက်က မြေမြှုပ်မိုင်းထိပြီး ခြေတဖက်ပြတ်သွားပါတယ်။

မြေမြှုပ်မိုင်းထိသွားတဲ့သူဟာ လမ္မတော်ကျေးရွာက ကိုဇော်မိုးလွင် (ခ) မောင်ချောဖြစ်ပြီး ဖေဖော်ဝါရီ ၁၅ ရက် မနက်ပိုင်းက ထင်းခွေသွားစဉ် မြေမြှုပ်မိုင်းထိပြီး ညာဘက်ခြေတဖက် ပြတ်သွားတာလို့ ဖြူစင်မေတ္တာပရဟိတအသင်း (ကျောက်တော်) တာဝန်ရှိသူတဦးက ပြောပါတယ်။

“မိုင်းထိတာကတော့ မနက် ၁၀ နာရီ ၄၀ လောက်မှာ တောင်ကို ထင်းသွားခွေတာမှာ မိုင်းထိတာလို့ သိရတယ်။ ညာဘက်ခြေ ခြေချင်းဝတ်က ပြတ်သွားတယ်။ အခုတော့ လူနာက ဒဏ်ရာပြင်းထန်တာကြောင့် ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကို ပို့ဆောင်ဖို့ လုပ်နေကြတယ်။”

ကိုဇော်မိုးလွင် မိုင်းထိသွားတဲ့နေရာဟာ ခမရ-၃၇၄ တပ်ရင်းအနီးမှာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိလာခဲ့ပြီး ဒဏ်ရာရရှိသူ ၆ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ်တချို့နဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံတွေ မကြာခဏဆိုသလို မိုင်းနင်းမိတာကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာ‌တွေ ရှိနေကြပြီး အသက်သေဆုံးမှုတွေလည်း ရှိနေကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မှာ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၃၀ ကျော်အထိ ရှိခဲ့ပါတယ်။

မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ပေါက်ကွဲမှုတွေကြောင့် အသက်သေဆုံးမှုနဲ့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသူတွေ များလာတာကြောင့် တိုက်ပွဲရပ်တန့်ထားချိန်မှာ နှစ်ဖက်တပ်တွေက မြေမြှုပ်မိုင်းနဲ့ စစ်ကျန်လက်နက် ရှင်းလင်းပေးဖို့ ရခိုင်ဒေသခံတွေ လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013