DVB Logo
Home
မြန်မာသတင်း
​မြန်မာ့ရွှေထည်ပစ္စည်းများ ဂျပန်ကို ပြန်တင်ပို့နိုင်ရေး ဆွေးနွေးနေ
DVB
·
February 15, 2023
​မြန်မာ့ရွှေထည်ပစ္စည်းများ ဂျပန်ကို ပြန်တင်ပို့နိုင်ရေး ဆွေးနွေးနေ
Donate to DVB

ဂျပန်နိုင်ငံကို မြန်မာ့ရွှေထည်ပစ္စည်းတွေ တင်ပို့နိုင်​​ဖို့ ဂျပန်ကုမ္ပဏီတခုနဲ့ ဆွေးနွေးနေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက စတင်ပြီး ပြည်ပကို ရွှေလက်ဝတ်ရတနာတွေ တင်ပို့ခွင့် ပြုခဲ့ပြီးနောက်ပိုင်း ဂျပန်၊ ကိုရီးယား အပါအဝင် ပြည်ပနိုင်ငံတချို့ကို တင်ပို့ခဲ့ကြတယ်။

ကိုဗစ်ကာလအတွင်း အဆိုပါတင်ပို့မှုတွေ ရပ်နားထားခဲ့ရာကနေ လက်ရှိမှာ ဂျပန်နိုင်ငံကို ရွှေအချောထည်ပစ္စည်းတွေ ပြန်လည်တင်ပို့ဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁၅ ရက် ဒီနေ့မနက်ပိုင်းမှာ ဂျပန်ကုမ္ပဏီတခုရဲ့ တာဝန်ရှိသူတွေက YGEA ရဲ့ အလုပ်အမှု​ဆောင်အဖွဲ့နဲ့ အသင်းရုံးမှာ လာရောက်တွေ့ဆုံပြီး ဆွေး​နွေးခဲ့တယ်လို့ အသင်းကနေ သိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာ YGEA ကထုတ်ပြန်တဲ့ ရည်ညွှန်းရွှေစျေးကတော့ အခေါက်ရွှေတကျပ်သားကို ၂,၁၆၃,၀၀၀ ကျပ်ဖြစ်ပြီး ပြင်ပရွှေစျေးကွက်မှာတော့ အခေါက်ရွှေတကျပ်သားကို ၂,၈၆၀,၀၀၀ ကျပ်ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

ရွှေစျေးကွက်အတွင်း ကမ္ဘာ့ရွှေစျေး အကျကြမ်းနေပေမဲ့ ပြည်တွင်းရွှေစျေးကတော့ အရောင်းအဝယ် အေးနေတာကြောင့် စျေးနှုန်းလှုပ်ခတ်မှု နည်းခဲ့တယ်လို့ ရွှေစျေးကွက်အတွင်းက သိရပါတယ်။

ကမ္ဘာ့ရွှေစျေးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ၁ အောင်စကို ၁,၈၈၄ ဒေါ်လာထိ မြင့်တက်ခဲ့ပြီး ရက်သတ္တပတ်အတွင်း ၁ အောင်စကို ဒေါ်လာ ၅၀ ဝန်းကျင်အထိ အကျကြမ်းခဲ့ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက် ညနေပိုင်းမှာတော့ ကမ္ဘာ့ရွှေစျေးက ၁ အောင်စကို ၁,၈၃၆ ဒေါ်လာ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013