DVB Logo
Home
Lead Story
ကျွန်ယုံတွေကို သေနတ်ကိုင်ခိုင်းပြီး အကြမ်းဖက်အရှိန်မြှင့်မယ့် အကြံလား
DVB
·
February 15, 2023
ကျွန်ယုံတွေကို သေနတ်ကိုင်ခိုင်းပြီး အကြမ်းဖက်အရှိန်မြှင့်မယ့် အကြံလား
Donate to DVB

သစ္စာခံ ကျွန်ယုံတွေနဲ့ နောက်လိုက်လက်ပါးစေတွေကို အတိုအရှည် စက်သေနတ်တွေ ပေးကိုင်ခိုင်းပြီး ပြည်တွင်းစစ်နဲ့ အကြမ်းဖက် လုယက်တာတွေ အရှိန်မြှင့်တင်ဖို့ ကြင်စိုးက အကြံပက်စက်ပြန်ပါပြီ။ ကြင်စိုးလက်အောက်ခံ တိုင်းရင်းသားလက်နက်ကိုင်တချို့ကို အချင်းချင်းသွေးခွဲတယ်၊ လက်နက်ပေးကိုင်ထားတယ်၊ လက်နက်နဲ့ အနိုင်ကျင့်၊ ဆက်ကြေးတောင်း၊ သတ်ဖြတ်၊ ရမ်းကားစေခဲ့တယ်။

အမျိုးဘာသာ သာသနာ အကြောင်းပြပြီး လူပုဂ္ဂိုလ်တွေအပေါ် သြဇာညောင်းတဲ့ ဘုန်းကြီးတွေကို ပေးကမ်းမြှောက်ပင့်ပြီး ပျူစောထီး အမည်ပေးလို့ သေနတ်ကိုင်ခိုင်းထားတာ အပြင် အခုလာပြန်ပြီ နောက်တမျိုး၊ သစ္စာခံ နောက်လိုက်ကျွန်ယုံတွေကို သေနတ်ကိုင်ခွင့် ပေးပြန်အုံးမယ်။ အိမ်ကြက်ချင်း အိုးမည်းသုတ်ပေးပြီး မည်းမည်းမြင်ရာ ပစ်ကြ၊ သတ်ကြ၊ အနိုင်ကျင့်ကြနဲ့ အကြမ်းဖက်မှုတွေ နေရာတိုင်းဖြစ်လာကာ ပြည်တွင်းစစ်မီး ပိုတောက်လောင်လာအောင် ဓာတ်ဆီလောင်းလိုက်တာပဲ ဖြစ်တယ်။

ပြည်သူတွေနဲ့ လုပ်ငန်းရှင် သူဌေးတွေ၊ စီးပွားရေးသမားတွေ အထူးသတိထား ဂရုစိုက်ရမယ့် အခြေအနေ ရောက်ပြီ။ အသွားမတော်တလှမ်း၊ အပြောမတော်တခွန်း အဖြစ်မျိုး ဖြစ်လာတော့မယ်။ တောမီးလောင် တောကြောင်တွေ လက်ခမောင်းခတ်လာဖို့ မအလကတော့ အချက်ပေး ခရာသံ မှုတ်လိုက်ပြီ။ လုပ်ရဲကိုင်ရဲသူ ကိုယ်ရ ကိုယ်ယူစနစ်နဲ့ စစ်ဆင်နေတာ အခုဆို ပိုဆိုးလာတော့မယ်။ အစစအရာရာ ပိုဂရုစိုက်ကြရမှာဖြစ်တယ်။

အလုံးစုံပျက်သုဉ်းရေး လမ်းကြောင်းပေါ်ကို မအလနဲ့ အပေါင်းအပါတစုကတော့ ခရီးနှင်နေပြီ။ သူချ ကိုယ်ချ၊ ချနိုင်အောင် ပြင်ဆင်ထားကြပါ၊ စည်းလုံးညီညွတ်ကြပါ။

၂၀၁၅ ခုနှစ်အတွင်းကလို အေးအေးချမ်းချမ်း ပြန်နေသလား၊ နေချင်ရင် တော်လှန်ရေး အင်အားစုတွေထံ ပူးပေါင်းကြပါ ပါဝင်ကြပါ။ ယောက်ဖကို ကြက်ဥတိုက်တဲ့ ခရိုရောင်စုံတွေ မကြာခင် မအလနဲ့ အပေါင်းပါ အကြမ်းဖက်အဖွဲ့က ခင်ဗျားတို့ဘက် ပြောင်းလှည့်လာပါလိမ့်မယ်။ အဲ့အချိန် ရွှေငွေကိုယူပါ၊ အသက်ကိုတော့ ချမ်းသာပေးပါ လုပ်လို့ရမှာ မဟုတ်ဘူးဆိုတာ သတိချပ်ထားပါ။ ပစ္စည်းယူ လူသတ်လမ်းစဉ်နဲ့ သွားနေတာ အာဏာသိမ်းပြီးကတည်းက၊ ကျေးလက်တောရွာနဲ့ အခြေခံလူတန်းစားတွေကတော့ ကျောကော့အောင် နင်းခြေခံပြီးပြီ။ သူတို့မှာ ပိုင်ဆိုင်မှု ဘာမှမရှိတော့ဘူး။ စစ်ဖိနပ်အောက်မှာ ဒီအတိုင်းငြိမ်ပြီး အသေခံမလား၊ တော်လှန်မလား၊ ဒီ ၂ လမ်းပဲရှိလို့ တော်လှန်တဲ့ လမ်းကြောင်းပေါ် ရဲရဲကြီး လျှောက်လှမ်းနေကြပြီ။ သူသေ သူသေ အပြတ်တိုက်ကြတော့မယ်။ ဘဘတို့နိုင်မယ်အထင်နဲ့ သစ္စာခံ ကျွန်ယုတ်အကန်းတွေပဲ သေနတ်တကားကားနဲ့ ရမ်းကားကြလိမ့်မယ်။

အဲ့ဒါကြောင့် ကုန်းကောက်စရာမရှိတော့တဲ့ စစ်ဘေးသင့်သူတွေကို ပေးမလား ကျွေးမလား၊ တော်လှန်နေသူတွေကို ကူမလား လှူမလား၊ စဉ်းစားကြပါ။ နောင်တဆိုတာ နောက်ကျမှရတတ်တာမျိုး၊ နောက်မှ နောင်တမရကြနဲ့၊ ယောက်ဖကို ကြက်ဥတိုက်မိတဲ့ အဖြစ်မျိုးရောက်မှ ဒူးနဲ့ မျက်ရည်သုတ်နေရလိမ့်မယ်လို့ အသိ သတိ ပေးလိုက်ပါတယ် ... ။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013