DVB Logo
Home
မြန်မာသတင်း
မဲဆောက် UNHCR ရုံးရှေ့တွင် မြန်မာဒုက္ခသည်အရေး ၂ ရက်ဆက်တိုက် ဆန္ဒပြ
DVB
·
February 14, 2023
မဲဆောက် UNHCR ရုံးရှေ့တွင် မြန်မာဒုက္ခသည်အရေး ၂ ရက်ဆက်တိုက် ဆန္ဒပြ
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာရှိတဲ့ UNHCR ရုံးရှေ့မှာ မြန်မာဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်ပိုင်းက ဒုတိယမြောက်နေ့အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Maesot Myanmar Refugee Voice အဖွဲ့က ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး “Myanmar Refugee save”၊ “Recognize and accept Burmese Refugee”၊ “Do UNHCR Work” စတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး အသံတိတ် ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး UNHCR အနေနဲ့ ဖြေရှင်းပေးဖို့ကိုလည်း စာပို့ထားသလို ထိုင်းနိုင်ငံ အချုပ်ထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ပြန်လည်လွှတ်ပေးစေချင်တယ်လို့ Maesot Myanmar Refugee Voice မှ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

အလားတူ ဖေဖော်ဝါရီ ၆ ရက်နဲ့ ၁၃ ရက်တွေကလည်း မဲဆောက်မြို့ မြို့နယ်အုပ်ချုပ်ရေးမှူးအိမ်နဲ့ မဲဆောက်အချုပ်ထောင်ရှေ့ အပါအဝင် UNHCR ရုံးရှေ့တွေမှာလည်း မြန်မာဒုက္ခသည်တွေကို လေးစားအသိအမှတ်ပြုဖို့ စာတန်းတွေကိုင်ဆွဲပြီး အသံတိတ် ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာဒုက္ခသည်တွေကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူတာတွေ ရှိသလို အထောက်အထားမရှိတဲ့ သူတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးပြီး တရားမဝင် ငွေကြေးတောင်းခံနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013