DVB Logo
Home
မြန်မာသတင်း
“လွတ်လပ်ခါမှ အမျှဝေမယ်” ဖြစ်ရပ်မှန်ဇာတ်လမ်း ထိုင်းတွင် ပြသမည်၊ လက်မှတ်တစောင် ဘတ် ၂၀၀ ဖြင့် အားပေးနိုင်
DVB
·
February 14, 2023
“လွတ်လပ်ခါမှ အမျှဝေမယ်” ဖြစ်ရပ်မှန်ဇာတ်လမ်း ထိုင်းတွင် ပြသမည်၊ လက်မှတ်တစောင် ဘတ် ၂၀၀ ဖြင့် အားပေးနိုင်
Donate to DVB

“လွတ်လပ်ခါမှ အမျှဝေမယ်” ဖြစ်ရပ်မှန်ဇာတ်လမ်းကို ထိုင်းနိုင်ငံမှာ ပြသသွားမှာဖြစ်ပြီး လက်မှတ်တစောင်ကို ဘတ် ၂၀၀ နဲ့ အားပေးကြည့်ရှုနိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

နွေဦးတော်လှန်ရေးအတွင်း ကရင်နီ ဒေသတစ်ခုမှာ အမှန်တကယ် ဖြစ်ပွားခဲ့ပြီး တော်လှန်ရေး ရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီဇာတ်လမ်းကိုတော့ နိုင်ငံရေး သရော်ပြက်လုံးတွေနဲ့ ထင်ရှားတဲ့ သီးလေးသီးအဖွဲ့ဝင် စိန်သီး၊ အောင်သော်တို့က ဒါရိုက်တာနဲ့ ထုတ်လုပ်သူအဖြစ် တာဝန်ယူ ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းကိုတော့ မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်က ထောက်ပံ့ ကူညီပေးထားပြီး ထိုင်းနိုင်ငံမှာတော့ KTJ Supporting Group က တာဝန်ယူပြီး လာမယ့် မတ် ၁၂ ရက်မှာ စတင်ပြီး တော့ ပြသသွားမယ်လို့ ဆိုပါတယ်။

ပွဲစဉ်တွေအနေနဲ့ မနက် ၁၁ နာရီ၊ နေ့လည် ၁ နာရီနဲ့ ညနေ ၃ နာရီဆိုပြီး ပွဲစဉ် ၃ ပွဲပြသသွားမှာဖြစ်ကာ ရုပ်ရှင်လက်မှတ်တွေကို KTJ Supporting Group page မှာ ဝယ်ယူနိုင်မှာ ဖြစ်သလို အရောင်းကိုယ် စားလှယ်တွေက တဆင့်လည်း ဝယ်ယူအားပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်း ပြသရာကနေ ရရှိလာတဲ့ အမြတ်ငွေတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ CDM အနုပညာရှင်တွေကို ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်တပ်က မတရားအာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် အနုပညာရှင်တွေများစွာ ထွက်ပြေးတိမ်းရှောင်နေကြရတာ ဖြစ်ပြီး အဲဒီထဲမှာ တချို့အနုပညာရှင်တွေကတော့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သီးလေးသီးအဖွဲ့ကိုတော့ နိုင်ငံရေးဆိုင်ရာ သရော်ပျက်လုံးတွေနဲ့ ပရိသတ်တွေက ဆယ်စုနှစ်နဲ့ချီ အားပေးခဲ့ကြရတဲ့ လူကြိုက်များတဲ့ အဖွဲ့တဖွဲ့ဖြစ်ကာ နိုင်ငံရေးခိုလှုံခွင့်နဲ့ ပြည်ပမှာ အချိန်ကာလတခုကြာအောင် နေထိုင်ခဲ့ကြရပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရလက်ထက်မှာမှ နိုင်ငံတွင်း ပြန်လည်ဝင်ရောက်နိုင်ခဲ့တာဖြစ်ပြီး ခုတခါမှာလည်း စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ရင်း ပြည်သူတွေနဲ့ တသားတည်း ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013