DVB Logo
Home
မြန်မာသတင်း
NUG ဝါရှင်တန်ဒီစီရုံး စတင်ဖွင့်လှစ်၊ NUG နှင့် မိတ်ဖက်အဖြစ် ရပ်တည်မည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
February 14, 2023
NUG ဝါရှင်တန်ဒီစီရုံး စတင်ဖွင့်လှစ်၊ NUG နှင့် မိတ်ဖက်အဖြစ် ရပ်တည်မည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြော
1 / 13
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ မိတ်ဖက်တွေအဖြစ် ရပ်တည်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်သားလုံခြုံရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စအဇရာဇီယာက ပြောကြားလိုက်ပါတယ်။

ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းက အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ ၁၅ လမ်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဌာနရုံးကို   အခမ်းအနားနဲ့တရားဝင် စတင်ဖွင့်လှစ်ရာမှာ အမေရိကန်အစိုးရရဲ့ ကိုယ်စားလှယ်အဖြစ် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက တက်ရောက်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

NUG ရုံးခန်းဖွင့်ပွဲကိုတက်ရောက်လာတဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စအဇရာဇီယာက  မြန်မာစစ်အုပ်စုရဲ့လုပ်ရပ်တွေကို လက်မခံနိုင်ကြောင်းနဲ့  NUG ရဲ့မိတ်ဖက်အဖြစ် ဆက်လက်ရပ်တည်သွားမယ်လို့ ပြောဆိုခဲ့တာပါ။

NUG နဲ့ အမေရိကန်အစိုးရ၊ လွှတ်တော်တို့ရဲ့ ခိုင်မာတဲ့ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်ဖို့ ကောင်းမွန်တဲ့အလားအလာတွေရှိလာပြီလို့ NUG ဦးဆောင်သူတွေကလည်း ပြောပါတယ်။

ရုံးဖွင့်ပွဲအခမ်းအနားကို  NUG နိုင်ငံခြားရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊   ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ၊ ဆက်သွယ်ရေး၊ သတင်းနှင့် နည်းပညာဝန်ကြီးဌာနဝန်ကြီး ဦးထင်လင်းအောင်၊ သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်၊ NUG အစိုးရအဖွဲ့ဝင်တွေနဲ့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေ တက်ရောက်ခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013