DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်၌ PDF တပ်ဖွဲ့ဝင် ၅ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ၊ စစ်တပ် ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦးဒဏ်ရာရ
DVB
·
February 13, 2023
ကလေးမြို့နယ်၌ PDF တပ်ဖွဲ့ဝင် ၅ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ၊ စစ်တပ် ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦးဒဏ်ရာရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ အမျိုးသားညီညွတ်‌ရေးအစိုးရ လက်‌အောက်ခံ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ခွဲတခုဖြစ်တဲ့ ကလေး PDF တပ်ရင်း-၄ ကရဲဘော်တွေ စစ်ကောင်စီရဲ့ထောင်မိုင်း နင်းမိတာကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် ညက ကလေး PDF တပ်ဖွဲ့ဝင်တွေဟာ တင်သားကျေးရွာအုပ်စုက ပျူစောထီးကျေးရွာဖြစ်တဲ့ ကျောက်ပြုတ်ရွာကို တိုက်ခိုက်ဖို့ သွားစဉ်မှာ ‌စစ်ကောင်စီရဲ့ ထောင်မိုင်း နင်းမိခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီထောင်မိုင်းကြောင့် ကလေး PDF တပ်ရင်း-၄ တပ်ဖွဲ့ဝင် ၃ ဦး ခြေထောက်ဖြတ်ရပြီး တဦးက မျက်လုံးထွက်သွားကာ ကျန်တဦးက ခြေသလုံး ကျည်ပေါက်သွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့ရတဲ့ တင်သားကျေးရွာ ဒေသခံတဦးက ‌ပြောပါတယ်။

“PDF အဖွဲ့ဝင် ၃ ယောက်က ခြေတဖက်စီ ဖြတ်ကြရတယ်။ တယောက်ကတော့ မျက်လုံးထွက်သွားတာ။ ကျန်တယောက်ကတော့ ခြေသလုံး ဟိုဘက်ဒီဘက် ပေါက်သွားတာ။ ကိုယ့်ကလေးတွေ မတော်တဆဖြစ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။”

အသက်စွန့် တိုက်ပွဲဝင်နေတာမို့ ရဲဘော်တွေ စိတ်ဓာတ်ကြံ့ခိုင်မှုရှိပြီး ရရာနေရာကနေ ဆက်လက် ဆက်လက်တိုက်ပွဲဝင်နေမှာပါလို့ ကလေးPDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒဏ်ရာရထားတဲ့ရဲဘော်တွေကို ကလေးမြို့နယ်က CDM ဆရာဝန်နဲ့ ဒေသခံဆေးတပ်ဖွဲ့တွေပူး ပေါင်းဖွင့်လှစ်ထားတဲ့ ခဏတာအရိပ်ဆေးရုံးမှာ ဆေးကုသမှုခံယူနေကြရကြပါတယ်။

ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီလောက်ကလည်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်မှာ ‌စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံလူငယ်တဦး သေဆုံးကာ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကလေးမြို့တွင်းကနေ စစ်ကောင်စီတပ်သားတွေဟာ ဆည်မြောင်းရုံးနဲ့ သစ်တောရုံးမှာတပ်စွဲဖို့ စစ်ကား၃စီး၊ အိမ်စီးကား ၃ စီးနဲ့ လာရောက်ခဲ့စဉ် ကလေးမြို့ မြို့ပြစီမံချက် UGအဖွဲ့က အသင့်တပ်ဆင်ထားတဲ့လက်နက်ကြီး ၄၀ မမတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာတာပါ။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်ကထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် နယ်လှည့်စာရင်းစစ်ရုံးအနီး အနော်ရထာလမ်းမပေါ်က တံတားပေါ်မှာ ထိုင်နေတဲ့လူငယ် ၁ ယောက်ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့ကာအမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ဆိုပါတယ်။

"တံတားနားမှာထိုင်နေတဲ့ချိန် အပစ်ခံရတာ ၊ ခေါင်းမှာအပစ်ခံရလို့ပွဲချင်းပြီး သေတယ်။ ကလေးမလည်းတစ်ယောက်လည်း ကျည်ထိမှန်ပြီးဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ PDFတွေက လက်နက်ကြီးနဲ့ပစ်ပြီးပြေးတဲ့အချိန် စစ်သားတွေက သေနတ်တွေနဲ့ပစ်တာ။”လို့ ဒေသခံတစ်‌ဦးက ပြောပါတယ်။

ပစ်သတ်ခတ်ခံရတဲ့ လူငယ် ဘီးလိုထန်း(ခ) ဘီးဘီးဟာ လောက်တူ နှစ်ခြင်းအသင်းတော် ပါစတာရဲ့ သားဖြစ်တယ်လို့သိရပါတယ်။

သေဆုံးသွားတဲ့လူငယ်အတွက် နယ်လှည့်စာရင်းစစ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်တပ်ဝန်ရှိသူတွေထံ ဖြေရှင်းပေးဖို့ ချင်းအသင်းတော်ဆရာတော်နဲ့အဖွဲ့က ရုံးဝင်းအတွင်းဝင်ရောက်ဖို့သွားတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်ပြီး လူစုခွဲတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ကာယကံလူမှုကူညီရေးအသင်း

ဓာတ်ပုံ-PHO-Kalay

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013