DVB Logo
Home
မြန်မာသတင်း
စိတ်ကြွဆေးပြား ရောင်းဝယ်သုံးစွဲနေသူများကို မိုးဗြဲ PDF ဖမ်းဆီး
DVB
·
February 13, 2023
စိတ်ကြွဆေးပြား ရောင်းဝယ်သုံးစွဲနေသူများကို မိုးဗြဲ PDF ဖမ်းဆီး
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲအနောက်ခြမ်းမှာ မူးယစ်ဆေးဝါးရောင်းချနေသူ ၁ ဦးနဲ့ သုံးစွဲသူတွေကို စိတ်ကြွမူးယစ်ဆေးပြား WY အလုံး ၅၀၀ ကျော်နဲ့အတူ ဖေဖော်ဝါရီ ၁၁ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ မိုးဗြဲ - PDF တပ်ရင်း-၂ က ထုတ်ပြန်ပါတယ်။

ဒေသခံတွေရဲ့ သတင်းပေးချက်အရ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲနေသူတွေကို ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သုံးစွဲသူတွေကို ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးခဲ့ကာ ရောင်းချသူ ၁ ဦးကို နောက်ဆက်တွဲကွင်းဆက်တွေ ဆက်လက်ဖမ်းဆီးနိုင်ရေးအတွက် ထိန်းသိမ်းထားတယ်လို့ မိုးဗြဲ -PDF ကပြောပါတယ်။

ရောင်းချသူများကို သတ်မှတ်ထားတဲ့ စည်းကမ်းချက်အရ ဒဏ်ငွေ ၁ ဆမှ ၃ ဆအထိ ပေးလျော်ဖို့ စီရင်ချက်ချမှတ်ကာ ထိုဒဏ်ငွေတွေအားလုံးကိုလည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ မှ တပြားတချပ်မှမယူဘဲ ရပ်ရွာအတွင်း လိုအပ်နေတဲ့ ကျန်းမာရေး၊ ပညာရေး စတဲ့ ကိစ္စရပ်တွေ ပြန်လည်အသုံးပြုရန်အတွက် ကျေးရွာရှိ မိဘပြည်သူထံသို့ ပြန်လည်အပ်နှံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးဗြဲ - PDF တပ်ရင်း-၂ အနေနဲ့ မူးယစ်ဆေးဝါး ဖမ်းဆီးရမှုဟာ ၁၀ ကြိမ်မြောက် ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်ကလည်း မိုးဗြဲ အရှေ့ဘက်ကမ်းတနေရာမှာ KNDF တပ်ရင်း-၃ က စိတ်ကြွမူးယစ်ဆေးပြား ၁,၀၀၀ ခန့် ဖမ်းဆီးရမိခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013